တစ်ဦးတည်းသောချစ်ဇနီး

Start from the beginning
                                    

အတိတ်တွင် သူက အထူးတပ်ဖွဲ့တွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။ မစ်ရှင်ရှိသည့် အခါများတွင် သူ့လက်၌ ​​သွေးများစွာ စွန်းထင်း​နေ​လေ့ရှိပြီး သူ့ဘဝက သာမန်လူများနှင့် ကွာခြားသည်။ စစ်တပ်မှ အနားယူ​သောအခါ သူလိုလူများက သာမန်ဘဝသို့ တိုက်ရိုက် ​ပြန်သွားကြလျှင် ပြဿနာများ ရှိလာမည်ကို စိုးရိမ်​​နေခဲ့သည်။ ထို့​ကြောင့် သူက စိတ်​ရောဂါကု ဆရာဝန်တစ်​ယောက်ကို သူနှင့် စကား​ပြော​ပေးပြီး သာမန်ဘဝနှင့် ညှိယူရန် ကူညီ​ပေး​စေခဲ့ရသည်။ ထိုစိတ်​ရောဂါကု ဆရာဝန်များက အမှန်တကယ်ပင် အသုံးဝင်သည်ဟု ဆိုရ​ပေမည်။ အနည်းဆုံး​တော့ သူတို့ သူ့ကို လူမှုပတ်ဝန်းကျင်ထဲသို့ ပြန်ပို့လိုက်သည့်အခါ ပြင်းထန်ဆိုးရွား​သော ကိစ္စများ ဖြစ်မသွားခဲ့​ပေ။

ကျန်းကျန့်ကို ကူညီ​ပေးခဲ့သည့် စိတ်​ရောဂါကု ဆရာဝန်မှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို နားလည်သည်။

အကြီးဆုံးကျန်းက တစ်နှစ်မှ စကားတစ်ခွန်းပင် မ​ပြော​ခဲ့ပေ။ သူက တိတ်ဆိတ်​​နေတတ်သည်။ သူက ​သေ​လောက်​အောင် ဗိုက်ဆာ​နေ​သော်လည်း ​အော်ဟစ်၍ အကူအညီမ​တောင်းခဲ့​ပေ။ သူ့ထံတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိ​နေသည်မှာ သိသာ​နေခဲ့သည်။ သူက ထပ်ပြီး အသက်ဆက်ရှင်သန်လိုစိတ် မရှိ​တော့​ပေ။

ပြီး​တော့ ဒီလိုမျိုးတွေ ဖြစ်​အောင် မိသားစုဝင်​တွေဆီက​နေ တွန်းအား​ပေးခံခဲ့ရတာ... ပုံမှန်လူ​တွေက ဘယ်လိုများ အသက်ဆက်ရှင်ဖို့ ဆန္ဒရှိမှာလဲ...

ကျန်းကျန့်က ထိုအ​ကြောင်းကို ​တွေးမိသည်နှင့် အနည်းငယ် စိတ်ညစ်ညူးသွားခဲ့သည်။ သို့​သော်လည်း ထိုအချိန်ခဏ​လေး၌ အကြီးဆုံးသား၏ ကိစ္စများအ​ကြောင်း ​တွေးရန် အချိန်မရှိ​တော့။ သူ အခု ဆက်ပြီး ရှင်သန်ချင်​နေသည်။

ယခင်က လူအများကို ကယ်ဆယ်ခဲ့ချိန်၌ ကျည်ဆန်ဒဏ်ရာနှစ်ခုနှင့် ဓါးဒဏ်ရာ​ပေါင်းများစွာကို ရခဲ့ဖူးသည်။ သို့​သော်လည်း ယမမင်းကို သွားမ​တွေ့ခဲ့ရ။ ယခုတွင် သူထပ်ပြီး ရှင်သန်ရန်အတွက် အခွင့်အ​ရေး ရ​နေ​သည်။ အပြင်ဘက်မှ အသံတစ်သံကို ​ဝေ​ဝေဝါးဝါး ကြားလိုက်ရ​သောအခါ ကျန်းကျန့်က ချက်ချင်းပင် ​အော်၍ အကူအညီ​တောင်းလိုက်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now