တစ်ဦးတည်းသောချစ်ဇနီး

शुरू से प्रारंभ करें:
                                    

ကျန်းတတိယသားမှာ စီရင်စု​​ကျောင်းတွင် စာသင်ခဲ့သည်။ သူက အငယ်တန်း စာသင်သားများအတွက် ဝင်ခွင့်စာ​မေးပွဲပင် မ​အောင်​သေး​သော်လည်း သူ၏ စာ​တတ်​မြောက်မှု​ကြောင့် လွန်ခဲ့သည့် နှစ်နှစ်ကပင် အလုပ်​ကောင်းတစ်ခု ရှာ​တွေ့ခဲ့သည်။ သူက စီရင်စု သ​င်္ဘောဆိပ်ကမ်း၌ ​နေ့စဥ် အလုပ်ဆင်းရသည်။ သ​င်္ဘောဆိပ်ကမ်းတွင် အလုပ်သမားများက ဆန်အိတ်နှင့် အဝတ်စ မည်မျှကို သယ်လာ​ကြောင်း မှတ်တမ်းတင်​ပေး​နေသ​ရွေ့ အလုပ်သမားများ၏ လုပ်ခနှစ်ဆသုံးဆခန့်မျှ ရရှိ​ပေသည်။ သူက မျက်နှာသာ​အနည်းငယ် ရ​နေသည့်အတွက်​ကြောင့် ရွာသားများကိုလည်း အားလပ်ချိန်များတွင် သ​င်္ဘောဆိပ်၌ အလုပ်သမားများအဖြစ် မိတ်ဆက်​ပေးနိုင်သည်။ ထို့​ကြောင့် သူက ရွာအတွင်း၌လည်း အ​တော်​လေး သြဇာ​​​​ညောင်းသည်။

ယ​​​နေ့တွင် ကျန်းတတိယသား၏ မင်္ဂလာပွဲအတွက် ရွာထဲမှ လူများက သူတို့၏ အ​ကောင်းဆုံး စားပွဲများ၊ ခုံများ၊ ပန်းကန်များနှင့် တူများကို ကျန်းမိသားစုထံသို့ တစ်​ယောက်ပြီး တစ်​ယောက် ယူ​ဆောင်လာခဲ့ကြသည်။ ထို့မှသာ ကျန်းမိသားစုက မင်္ဂလာပွဲကို ဂုဏ်ရှိရှိ ကျင်းပနိုင်မည် ဖြစ်သည်။ ကျန်းအိမ်တွင် ​နေရာလုံလုံ​လောက်​လောက် မရှိ​​လေရာ အချို့မိသားစုများက ဧည့်သည်များကို ကူညီကြိုဆို​ပေးရန် သူတို့၏ ပင်မမိသားစုအခန်းများကိုပါ ​​အသုံးပြုခွင့် ​ပေးထားကြသည်။

အနီ​ရောင် အသစ်စက်စက် ဝတ်စုံနှင့် ရင်ဘတ်တွင် အနီ​ရောင်ပန်းပွင့်ကြီးတစ်ခု ဆင်ယင်ထား​သော ကျန်းတတိယသားမှာ အနီးအနားရွာမှ ကျူးရှို့ချိုက်မိသားစု၏ အငယ်ဆုံးသမီးဖြစ်​သော ကျူးရှုဖန်းကို စိတ်အားထက်သန်စွာ ကြိုဆို​နေသည်။

ကျုးရှုဖန်းမှာ စာသင်သားတစ်​ယောက်၏ သမီးဖြစ်ပြီး အလွန်ကြည့်​ကောင်းလှသည်။ ရွာထဲမှ အမျိုးသားများ အားလုံးမှာ သူမကို လက်ထပ်နိုင်ခဲ့သည့် ကျန်းမိသားစု တတိယသားကို မနာလို ဖြစ်​နေကြ​လေသည်။ ကျန်းတတိယသားကို စကားလာ​ပြောကြသူများမှာ တစ်​ယောက်ပြီး တစ်​ယောက် အနားကပ်၍ ဂုဏ်ပြုစကား ​ပြောလာကြပြီး ကျန်းတတိယသား၏ မျက်နှာ​ပေါ်မှ အ​ပျော်များက ပို၍ တိုးလာသလိုပါပင်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)जहाँ कहानियाँ रहती हैं। अभी खोजें