"မနင်နေနဲ့။ ဒါအဆိုးဆုံးအပိုင်းကိုတောင် မရောက်သေးဘူး"

"YAA.!! KIM GYUVIN.! ငါတကယ်ပြောနေတာပါဆို..!!"

"ဖြစ်နိုင်တာကိုပြောလေ။ Kim Jiwoong ကမင်းဖူးစာဖက်ဆိုတာဖြစ်နိုင်လို့လား.!"

"ဘာဖြစ်တယ်..!!"

ဆိုင်ရဲ့ဗဟိုကျကျဝိုင်းမှာထိုင်ပြီး ဆူညံအော်ဟစ်ပြီးပလောရိုက်နေတဲ့ ‌တက္ကသိုလ်ကျောင်းသားလေးတွေစုနေတဲ့ စားပွဲဝိုင်းကို ဆိုင်ရှိလူအပေါင်းက မျက်စောင်းဝိုင်းထိုးကြ၏။

"တိုးတိုးအော်ပါဟ.!"

"ဒီလောက်အော်တာပဲကျေးဇူးတင်ဟဲ့.!"

အဖွဲ့ထဲမိန်းကလေးမပါရင် ခြောက်ကပ်ကပ်ကြီးမို့ သုံးယောက်လောက်ပေါင်းထားမိပါတယ်၊ တစ်ယောက်တစ်မျိုး သုံးယောက်သုံးမျိုးမို့ တကယ်ကြီးကို Ricky သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားချင်နေပြီဖြစ်သည်။

"Ricky. ငါ့ကိုကြည့်။ Yoon Jia လေ၊ မှတ်မိတယ်မလား.? နင့်ကိုစက်ဘီးနဲ့ ဝင်တိုက်တဲ့တစ်‌ယောက်လေ"

"ဒါ Kim Minji လေ၊ လူမှားပြီး နင့်ကိုဖိုင်တွဲနဲ့ ရိုက်ချတဲ့တစ်ယောက်လေ"

"စကားတစ်လုံးမှမပြောပဲ မြိုနေတာက နင့်ဝမ်းကွဲအမ Shim Belle လေ။ သိသေးတယ်မလား.?"

"YA.! YOON JIA.!"

"ဒါလေးက Yoo Seungeon လေ။ အလယ်တန်းက နင့်မျက်နှာကို ဘောပင်အိတ်နဲ့ ‌ပေါက်တဲ့တစ်ယောက်လေ"

"နင့်ညာဘက်ဘေးက Kim Gyuvin လေ။ ခုနှစ်လတောင်တွဲခဲ့တဲ့ နင့်ရည်းစားဟောင်းလေးလေ"

မသိရင် သူကပဲ အတိတ်မေ့သွားသလိုလို၊ တစ်ကွက်ချောင်နေသလိုလိုနဲ့ ဟိုးပိစိပေါက်စလေးကထဲက ပေါင်းလာတဲ့ လူတွေကို တစ်ယောက်ချင်းပြန်မိတ်ဆက်ပေးနေတဲ့ Jia ကို Ricky ကြက်ကြော်နဲ့ကောက်ပေါက်လိုက်မိသည်။

"ရူးနေတာလား.! တကယ်ပြောနေတာပါဆို.!! ပြောတော့လဲမယုံကြပဲနဲ့"

မွေးကထဲက လက်သန်းမှာချည်ထားတဲ့ ဒီကြိုးအနီရောင်အကြောင်းကိုတော့ လိမ်စရာလား.!

"မယုံလဲနေ။ စိတ်တအားထိခိုက်သွားပီ။ အိမ်ပြန်အိပ်တော့မယ်"

Ricky and The Prince Charmings Where stories live. Discover now