သူကောက်ယူလိုက်တော့ လက်မောင်းမှာဝတ်ဆင်ရသည့်မြွေ သဏ္ဌာန်အဆင်တန်ဆာဖြစ်နေသည်
ဒါကိုမြင်တော့သူ့မှာမပြုံးဘဲမနေနိုင်ဘူး
ဓါးပြတွေကြောင့် သူဒဏ်ရာရစဥ်ကယ်တင်ခဲ့တဲ့ကယ်တင်ရှင်လေးကပေးခဲ့တာလေ

"အသင်ဘယ်သူလည်းကျွန်ုပ်မသိပေမဲ့ ဖြစ်နိုင်ရင်ထပ်တွေ့ချင်ပါသေးတယ်"

________________________
တုံ! တုံတုံ တီးနောင် ...တီးနောင်

အချိန်အခါရောက်လာသည့်အခါ ဘုရားဂူဆီသွားဖို့ အိုးစည်ဗုံမောင်းတီးခတ်သူတွေက ရှေ့ကဦးဆောင်ပြီး
ဝတ်ကောင်းစားလှတွေဝတ်၍လျူဖွယ်ဝတ္ထုတွေကိုင်ဆောင်ထားသည့်လူတစ်စုကအနောက်ကလိုက်ရသည်

တုံ! တုံတုံ တီးနောင် ...တီးနောင်

အဲ့ဒီနောက်  လျူဖွယ်ဝတ္ထုတွေကို ဘုရားဂူအတွင်းသေချာနေရာချကြပြီး
ဘုန်းတော်ကြီးသုံးပါးဟောသည့် တရားကိုအကုန်လုံးနာယူကြသည်

တရားနာပြီးဆုံးသွားသည့်အခါ ဂူအပြင်ဘက်တွင်ရှိသည့်ရွှံ့ဖြင့်ပြုလုပ်ထားသောမြွေရုပ်ကြီးရှေ့၌
ကချေသည် တစ်စုကဆီးမီးအကကိုကရင်းဖျော်ဖြေကြသည်

"အသင်...."

"မှန်ပါ့အရှင့်သား ..."

"အဘယ်ကြောင့်မြွေရုပ်ကြီးရှေ့မှာကနေရပါသလဲ"

သူကြီးစံဖဲညိုကသရိုသသေပြန်လျှောက်တင်တယ်

"ဒါမြွေဖြူအရှင်အတွက်ပွဲပါအရှင့်သား... "

"မြွေဖြူအရှင်ဟုတ်စ... "

"ဟုတ်ပါသည်ဘုရား မြွေဖြူအရှင်ကကျွန်ုပ်တို့ရွာရဲ့ အထွတ်အမြတ်ထားရာဗုဒ္ဓရုပ်ပွားတော်ခုနှစ်ဆူကိုစောင့်ရှောက်တဲ့အစောင့်အရှောက်ပါ ကျွန်ုပ်တို့ရွာက နှစ်စဥ်ဗုဒ္ဓပူဇော်ပွဲတိုင်းမြွေဖြူအရှင်တွက်ကပွဲကိုထည့်ကျင်းပပေးလေ့ရှိပါတယ်"

ဝဏ္ဏခေါင်းသာငြိမ့်ပြလိုက်ပြီး
ဘာမှထပ်မမေးတော့ဘူး.....

ဝဏ္ဏ ကချေသည်တွေဆီကနေဟိုဘက်ဒီဘက် မျက်စိကစားလိုက်တော့
ငွေဖြူရောင်အရိပ်ကလေးကိုသွားတွေ့သည်
ဒါ...သူရဲ့ကယ်တင်ရှင်လေးမလား ...

မြွေဖြူအရှင်《Complete 》Onde histórias criam vida. Descubra agora