" ငါ ဗိုက်မဆာတာမို့ မင်းပဲစားလိုက်။ နောက်ပြီး ငါ့ကိုလွှတ်ပေးတော့ "

" ကျွန်တော့်အတွက်ကရှိတယ် ၊ လက်က တူတူစားပေးမယ်ဆို လွှတ်ပေးမယ် "

ထယ်ရယ်လည်းယောက်ျားလေးတစ်ယောက်ပဲ ၊ သူ့လက်ကိုဆွဲထားတဲ့ ရစ်ခီရဲ့လက်ကို မရုန်းနိုင်ဘူးဆိုရင် ရယ်စရာကောင်းသွားမှာပေါ့။ ပိုပြီးရယ်စရာကောင်းတာက လက်တွေဆီက ရုန်းထွက်နိုင်ရင်တောင် သူ့ရဲ့စိတ်တွေက ရစ်ခီ့ဆီက ရုန်းမထွက်နိုင်ခဲ့ဘူးဆိုတဲ့အချက်ပဲ ။ ဒီတော့ ရစ်ခီတောင်းဆိုသမျှကို လိုက်လျောတတ်တဲ့ အကျင့်ကို ဖျောက်မရတော့တဲ့ ထယ်ရယ့်ဘက်ကပဲ..

" ကောင်းပြီလေ လိုက်စားပေးတာပေါ့ "


_

စတော်ဘယ်ရီနို့ဘူးမှာ တပ်ထားသည့် ပိုက်ကို တစ်ချက်စုပ်ရင်း ပတ်ဝန်းကျင်ကို မသိမသာ ခိုးကြည့်နေရသည်။ သူ့ထံကို ကျရောက်နေသော စူးရဲသည့် အကြည့်များကို သူရင်မဆိုင်နိုင်ပါ။

ကန်တင်းထဲတွင် ဖြတ်သွားသမျှ လူတိုင်းက ထယ်ရယ်တို့ရှိရာဝိုင်းကို သိသိသာသာရော မသိမသာပါ ကြည့်သွားကြသည်။

အကြောင်းမှာ ထယ်ရယ်၏ မျက်နှာချင်းဆိုင်မှထိုင်၍ ထယ်ရယ့်လက်တို့ကို အုပ်ကိုင်ကာ ပေါင်မုန့်တစ်ကိုက်,ကိုက်လိုက် ၊ ထယ်ရယ့်မျက်နှာကို တယုတယနှင့်ကြည့်လိုက် လုပ်နေသူကြောင့်ဖြစ်သည်။

ထိုသူက ကျောင်းရဲ့နာမည်ကြီး မင်းသားလေး ရစ်ခီရှန်ဖြစ်နေတာကြောင့်လို့ပြောလျှင် ပိုမှန်မည်ထင်။

ဒါ့အပြင် ရစ်ခီရှန်၏ညှို့အားပြင်းတဲ့ မျက်ဝန်းတို့က ဘေးပတ်လည်မှလူတို့၏  အကြည့်တို့ထက်ပင် အားပြင်းလှသည်မို့ ထယ်ရယ့်မျက်နှာတစ်ခုလုံးပေါက်ထွက်တော့မလို ခံစားလာရသည်။

" မင်း! ငါ့ကို ဒီလောက်ပဲကြည့်တော့ "

အံကြိတ်ကာ သွားကြားထဲက လေသံနဲ့ တစ်ချက်ပြောလိုက်တော့ သူ့ထံမှအကြည့်လွှဲကာ ခေါင်းကို ငုံ့ပြီး အသံမထွက်အောင်ရယ်လေတယ်။

" ဘယ်လိုလုပ်မလဲ ၊ ဒီနေ့ကျမှ အစ်ကိုက ပိုပြီးချစ်ဖို့ကောင်းနေတာကို "

You've reached the end of published parts.

⏰ Last updated: Nov 29, 2023 ⏰

Add this story to your Library to get notified about new parts!

CirrusWhere stories live. Discover now