မိုးတိတ်သွားသည့်အချိန်မှ ထယ်ရယ်ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။ ထယ်ရယ်အိမ်ကိုပြန်ရောက်တဲ့အချိန်က ကျောင်းဆင်းချိန်နှင့် ဘယ်လောက်မှ မကွာသည်မို့ အနည်းငယ်စိတ်အေးသွားရသည်။အိမ်ကိုရောက်ရောက်ချင်း မီးဖိုချောင်ထဲဝင်ပြီး ရေအေးအေးတစ်ခွက်ကို အမြန်မော့ချဖြစ်သည်။ ရင်ပူနေတာမျိုးကြောင့် မဟုတ်ဘဲ အခုထိတိုင် တလှပ်လှပ်ဖြစ်နေသေးတဲ့ ရင်ဘတ်ထဲက ခံစားချက်ကို ပျောက်စေလို၍ဖြစ်နိုင်သည်။
အစောပိုင်းကဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တို့ကို ပြန်စဥ်းစားမိတော့ ပထမဆုံးပေါ်လာတာက ထိုသူ့ရဲ့ ပိုပြီးကြည့်ကောင်းလာတဲ့ မျက်နှာ။ နောက်ပြီး အရင်ကထက်ပိုပြီး နူးညံ့လာတဲ့ မျက်ဝန်းတွေ။
.
" မိုးက အခုထိရွာနေသေးတာ ၊ အစ်ကို့မှာ ထီးမပါဘူးဆို အဆင်ပြေပါ့မလား "
မိုးခိုလှုံရာသဘောမျိုးဖြစ်နေခဲ့သည့် ဆိုင်လေးအတွင်းထဲ ၂နာရီမျှ သူတို့နှစ်ယောက်အတူရှိနေခဲ့ပြီး အဲ့ဒီနောက်မှာ ထွက်ပေါ်လာတဲ့ ရစ်ခီ့ထံမှ စကားသံ။
ခုဏကလို အရမ်းကြီးသည်းမနေတော့ဘဲ ဖွဲဖွဲလေးသာကျန်တော့တဲ့ မိုးကလေးဆိုပေမယ့် ထီးမပါတဲ့ ထယ်ရယ့်အတွက်တော့ ဒီတိုင်းပြန်ဖို့ အဆင်ပြေမနေမှာအမှန်။
သူ့အရှေ့က ရစ်ခီက တစ်ခုခုကို ပြောရန်တုံ့ဆိုင်းနေသလိုမျိုး လက်ချောင်းကလေးတွေကို ကုတ်ဖဲ့လို့နေသည်။
" ကျွန်တော့်မှာ ထီးပါလာတာမို့ အတူပြန်ကြမလား "
ရစ်ခီ့ဆီက ဒီလိုစကားမျိုးကြားရမယ်မှန်း လုံးဝမထင်ထားတဲ့ ထယ်ရယ်က မျက်တောင်လေးပုတ်ခတ်လို့ ။
တကယ်ဆို သူတို့နှစ်ယောက်က ဒီလိုမျိုးအတူပြန်ရမယ့် ဆက်ဆံရေးမှ မဟုတ်တော့တာကို။
ရစ်ခီ ၊ ဒီကောင်လေးက အရင်လို တဇွတ်ထိုးဆန်နေတုန်းပဲ။ အမြဲ သူလိုချင်တာကိုပဲ စကားထဲထည့်ပြီး တောင်းဆိုတတ်တာမျိုး။
ဒါပေမယ့် ရစ်ခီ့ရဲ့ အဲ့လိုတောင်းဆိုမှုတွေကို မငြင်းနိုင်တဲ့ ထယ်ရယ်ဟာလည်း အရင်အတိုင်းမပြောင်းလဲသေးဘူးပဲ။ အတိတ်မှာရော ပစ္စုပ္ပန်မှာရော ရစ်ခီရဲ့စကားဆိုရင် ထယ်ရယ့်နှလုံးသားက လိုက်လျောနေမိလျက်သား။
YOU ARE READING
Cirrus
Fanfiction- You are like those feathery clouds that I could never hold - • ShenTaerae