တောကြီးထဲတွင် မဟုတ်သော်လည်း တောတောင်သဘာဝကို အပြည့်အဝ ခံစားစေချင်သည့်ပုံပင် တော်တော်ကျယ်တဲ့ ဧရိယာကြီးကို သစ်တောကြီးပမာ အပင်ကြီးတြွေဖင့်သာ ဝန်းရံထားပြီး လမ်းဟူ၍ ကတ္တရာ ကွန်ကရစ်လမ်း ခင်းထားခြင်းမဟုတ်ဘဲ ရိုးရိုးမြေဝါလမ်းကလေးသာဖြစ်သည်....
လမ်းဖောက်လုပ်ထားပုံက ၀င်္ကပါကဲ့သို့ပင် တစ်လမ်းနှင့်တလမ်းဆင်တူလှ၏ တစ်လမ်းနှင်တစ်လမ်းလည်း ယှက်နွယ် ကာဖောက်လုပ်ထား၏။
သို့ပေသည့် ကားမောင်းနှင်သူကတော့ လွယ်လင့်တကူပင် မောင်းနှင်နေသည်။
မြေဝါလမ်းလေးအဆုံးသို့ပင်မရောက်လိုက် ပုံပြင်ထဲက နတ်သမီးအိမ်လေးကဲ့သို့ ချစ်စကောင်းသည့် မှိုပွင့်ပုံ အိမ်လေးရှေ့သို့ မရောက်မှီ သစ်ပင်ကြီး တစ်ပင်အောက်တွင် ကားကိုရပ်ထားခဲ့လိုက်ပြီး ထိုအိမ်လေးဆီသို့ လျှောက်လှမ်းလာကြ၏
"အိမ်လေးက ချစ်စရာလေးဘဲ "
"သဘောကျလား "
"အင်း နည်းနည်းတော့ ကလေးဆန်ပေမယ့်"
"ရှိုင်း က ကလေးဘဲလေ "
"ခများ ရန်စလာပြန်ပြီ"
"ကိုကို လို့ဘဲခေါ်"
"ဗျာ
"ခန ကိုယ် တံခါးသော့ တောင်းလိုက်အုံးမယ်"
ကျတော့်ကို နောက်ကျောပေးကာ ဖုန်းသွားပြောနေသည့် သူမှာ ဒီနေ့ကတော့ ခါတိုင်းနှင့်မတူ ကျွန်တော့်အကိုအရင်း တစ်ယောက်လိုပင် နွေးထွေးမှုတို့ကို ခံစားနေရ၏
"ကိုကိုလို့ခေါ် "
"ခါတိုင်း မခေါ်လို့လား "
"ခနတုန်းက ခများလို့ပြောလိုက်တယ်လေ"
"တခါလေးကို "
"ထားလိုက်ပါတော့ ဒီတခါတော့ နောက်တစ်ခါ မဖြစ်စေနဲ့နော်"
"ဟုတ်ကဲ့ပါဗျာ"
"လိမ္မာတယ် ကိုယ့်ကလေးက"
"ဟိတ်လူ ဘာကလေးလဲ "
"ကိုယ့်ကလေး"
"ကျစ် ခများ !
"သူဌေးလေး စောင့်ရတာကြာသွားလား "
![](https://img.wattpad.com/cover/348998717-288-k127892.jpg)
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ
🦋①②...Ⓩⓐⓦⓖⓨⓘ
Start from the beginning