နင်မုန့်က ခါးမတ်လိုက်ပြီးနောက်တွင် လျိုရွှမ်းကို အထဲသို့ ခေါ်သွားကာ ပြောလိုက်သည်။

"လျိုရွှမ်း နင့်ရဲ့ မျက်နှာဖုံးကို သွားရှာရအောင်"

လျိုရွှမ်းက ဝေတိဝေဝါးဖြင့် ခေါင်းညိတ်ပြလာသည်။

ဘုရားကျောင်းက အလွန်မှောင်ကာ အေးစက်နေသည်။ ထို့ကြောင့် ဖုန်းမီးအကူညီအဖြင့်သာ လျိုရွှမ်းနှင့် နင်မုန့်တို့က ဆက်ရှာရသည်။

ဘုရားကျောင်း၏ တစ်ဝက်က ဖျက်ဆီးခံထားရပြီးသားဖြစ်သည့်အတွက် အခြားတစ်ဝက်ကသာ အကောင်းတိုင်းကျန်ရစ်ပြီး ထိုတစ်ဝက်ကလည်း ယခင်လူများက ကခုန်သွားခဲ့သည့် အဓိကခန်းမတစ်ခု ဖြစ်နေခဲ့ပြန်သည်။ မြေပြင်တွင်လည်း သွေးများက ကျန်နေရစ်သေးပြီး မျက်လုံးထဲ ကိုးလို့ကန့်လန့်ဖြစ်နေသည်။

လျိုရွှမ်းက နင်မုန့်၏ဘေး ညာဘက်ခြမ်းတွင် ပြင်းပြင်းထန်ထန် ရှာဖွေနေသည်။ မည်သို့ပင်ဆိုစေ ၎င်းက သူမ၏ အသက်နှင့်ဆက်စပ်နေသည်။

ထိုဘုရားကျောင်းက သိပ်မကြီးသောကြောင့် မိနစ်အနည်းငယ်အတွင်း ရှာ၍ ပြီးသွားသည်။ နင်မုန့်က တဖက်ခြမ်းမှ ပြိုကျနေသော ဘက်သို့ ကြည့်လိုက်သည်။ သို့ရာတွင် လျိုရွှမ်းကမူ ကြောက်လန့်ပြီး တုန့်ဆိုင်းနေသည်။ သူမက တိုးလျသော လေသံဖြင့် သတိပေးလာသည်။

"စီနီယာအစ်မ၊ ကျွန်မတို့ အခြားတစ်ဖက်မှာ ဘာရှိမှန်းမသိသေးဘူးလေ "

တကယ်လို့ အဲ့ဒီကနေ တစ်ခုခု ထွက်လာခဲ့ရင်ရော ...

နင်မုန့်ကမူ မည်သည့်နေရာက သတ္တိများ ရောက်လာသည်မသိ သတ္တိရှိလာသည်။ ရှီချီက အပြင်တွင် ရှိနေသေးသဖြင့် သူမက လေးလံသောလေသံဖြင့် ပြောလိုက်သည်။

"နင် မလုပ်ချင်ရင်လည်း ထားလိုက်တော့ "

လျိုရွှမ်းက စိတ်ပြောင်းသွားသည်။

"ကျွန်မ လုပ်မယ်၊ ကျွန်မ ဆန္ဒရှိပါတယ် "

မည်သို့ပင် ဆိုစေကာမူ သူမ၏ မျက်နှာဖုံးက ရှာမတွေ့သေးလေရာ ထိုနေရာတွင် ရှာဖွေရန် လိုအပ်သည်။

လူနှစ်ယောက်က စတင်ပြီး အပျက်အစီးပုံကို ရှင်းလင်းကြပြီး အထဲသို့ ဝင်သထက် ဝင်သွားကြသည်။ ထိုအခိုက် အချိန်အတန်ကြာ ကုန်လွန်သွားပြီ ဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now