ဖဝါးထက်က ပုလဲသွယ် (၁၉

1K 168 2
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၁၉)

Translator - Jinnie Grace

________

ကျောက်ယိက မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့မင်းသားတို့၏ ဖိအားကြားမှာတောင် ကောင်းကောင်းရှင်သန်နိုင်သော ထက်မြက်သည့်သူ ဖြစ်သည်။ သူသာ တုံးအနေပါက မိဖုရားခေါင်ကြီးလက်ချက်ဖြင့် အသက်ဘယ်နားက ထွက်မှန်းမသိတွေတောင်ဖြစ်သွားနိုင်သည်။

ကျန်းယင်းအာ၏မျက်နှာကို ကြည့်ရင်း တစ်ယောက်ယောက်တော့ ရှိနေပြီဆိုတာ သိလိုက်သည်။

တိရှောင်း ဖြတ်သွားတာကို သူ မမြင်လိုက်တာမို့ သူက ခပ်အေးအေးပဲ ပြောလိုက်၏။ “ကျန်းမိန်းကလေး လမ်းဂရုစိုက်သွားပါ”

သူ့အပြင်ဒဏ်ရာတွေ ရှိသေးတာကြောင့် ကျောက်ယိက အရင်ထွက်လာခဲ့လိုက်သည်။ သူခဏနားကာ အဝတ်အစား လဲရမည်။ ဒီနေ့သူ့မြင်းက အကြောင်းအရင်းမရှိဘဲ စိတ်ရိုင်းဝင်သွားသည်မို့ မိဖုရားခေါင်ကြီးလက်ချက်ဆိုတာ ယူဆလို့ရသည်။ ကျောက်ယိသည် လူတစ်ယောက်လွှတ်ကာ စုံစမ်းခိုင်းထားလိုက်သည်။

ကျန်းယင်းအာကတော့ ကျောက်ယိထွက်သွားတာနှင့် စကပ်ကို မကာ တိရှောင်းနောက်သို့ ဇွတ်ပြေးလိုက်တော့သည်။

သူမက နာမည်ကြီးမိသားစုမှလာကာ အဖေလုပ်သူကလည်း စစ်သူကြီးမို့ ယောကျ်ားအတော်များများ၏ ပစားပေးခြင်းကို ခံရသူဖြစ်သည်။ သိူ့သော် ကျန်းယင်းအာကတော့ တိရှောင်းလို စိတ်လုံခြုံမှုအပြည့်အဝ ပေးနိုင်သည့်ပုံစံမျိုးရှိသော တိရှောင်းလိုပုံမျိုးကို ပိုသဘောကျသည်။

ထို့အပြင် မင်းသားချင်၏ ဂုဏ်ပုဒ်ကိုလည်းသူမကြိုက်သည်။ ဘုရင်ကိုတောင် ဦးညွှတ်စရာမလိုတဲ့ မင်းသားချင်မလား။

မျိုးရိုးနာမည်ပေါင်းများစွာနှင့် ခရိုင်စားတွေကြားတွင် တိရှောင်းက နာမည်အကြီးဆုံးဖြစ်သည်။

ကျန်းယင်းအာက ခေါင်းမာပြီး ပွင့်လင်းသောစရိုက် ရှိသည်မို့ သူမလို ထက်မြက်သည့်မိန်းမကပဲ တိရှောင်းနှင့် လိုက်ဖက်သည်ဟု ခံယူထားလေသည်။ မြို့တော်ထဲက တွက်ဖို့ချက်ဖို့ပဲသိသည့် တခြားမိန်းကလေးတွေနှင့် သူမ၏စိတ်အားထက်သန်မှုကိုရော ရက်‌ရောမှုကိုရော မယှဉ်နိုင်ပေ။ တိရှောင်းလို ရည်ရွယ်ချက်ကြီးပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူက သူမလိုဇနီးကောင်းနှင့်သာ လိုက်ဖက်လိမ့်မည်။

ဖဝါးထက်က ပုလဲသွယ် [MM translation]Kde žijí příběhy. Začni objevovat