" မိုးသောက် ဘာဖြစ်နေသေးတာလဲ "

သူ့စကားကိုကြားတော့ မိုးသောက်ဟာ သူ့မျက်နှာကို အတော်ကြာအောင်ငေးကြည့်နေခဲ့သည်။ ပြီးတော့မှ

" ငါ တွေးမိသွားလို့ ၊နေ့နေ့ ည ည အချိန်တိုင်း မင်းအနားပဲကပ်နေချင်တာ မင်းကို ငါ့အနားမှာပဲထားချင်နေတာ ဘယ်လိုလုပ်ရမလဲ ၊ အတ္တကြီးလွန်းလို့ မှောင်မိုက်လာတဲ့ ငါ့စိတ်ကိုတောင် ငါကြောက်လာပြီ ငါ ... ငါ ဘယ်လိုမှမင်းကို ထပ်ပြီး လက်လွှတ်မပေးနိုင်တော့ဘူး အရုဏ်.... မင်းရဲ့ဂုဏ်သိက္ခာတွေ၊ မင်းပိုင်ဆိုင်သမျှဆုံးရှုံးသွားရင်တောင် မင်းကောင်းဖို့အတွက် ဆိုပြီးတွေးပြီးတော့တောင် လက်လွှတ်မပေးချင်တော့ဘူး.....

ဘယ်သူတွေဘာပြောပြော မင်းကို ငါ့ရင်ခွင်ထဲမှာပဲ သိမ်းထားချင်တယ် "

ကားစတီယာရင်ကို ကျစ်ကျစ်ပါအေယင်ဆုပ်ထားသည့် မိုးသောက်ရဲ့လက်တွေဟာ အကြောတွေပင်ပြိုင်းပြိုင်းထနေခဲ့သည်။ တင်းကြပ်နေသည့် မိုးသောက်ရဲ့စိတ်တွေဆိုလျှင် ယခုထက်ပင်ဆိုးနေပေလိမ့်မည်။ သူကောင်းဖို့အတွက်သာ လုပ်ပေးချင်နေသည့် မိုးသောက်ဟာ သူ့အတွက်သူတော့ အတ္တကြီးရကောင်းမှန်း မသိသေးပါလား။ ဒီဆရာဝန်ကြီးဟာ လူနာတွေရဲ့ရောဂါကိုတော့ ကုသပေးနိုင်ပေမယ့် သူ့ကိုယ်သူကိုတော့ မကုတတ်သေးပေ။ ဒီတော့လည်း ဆေးမှန်ဝါးမှန်ကို သူကပဲ ညွှန်ပေးရတော့မည်ပေါ့။

" မိုးသောက်... "

ပိုင်ဆိုင်လိုစိတ်ပြင်းပြနေသည့် သည်မျက်ဝန်းတွေကို သူအလွန့်ကိုပဲသဘောကျလှသည်။ မိုးသောက်ရဲ့မျက်ဝန်းတွေကို စိတ်တိုင်းကျငေးမောရင်း ခါးပတ်ကိုဖြုတ်ကာ အနား တိုးကပ်သွားလိုက်သည်။ တင်းတင်းစေ့ထားသည့် ထိုနှုတ်ခမ်းတွေဟာ သူ့ကို ယစ်မူးပျော်ဝင်စေနိုင်ကြောင်း သူကိုယ်တိုင်သာ အသိဆုံးပင်။ စတီယာရင်ပေါ်မှ မိုးသောက်ရဲ့လက်တွေကိုဖြည်ချကာ သူ့ ခါးပေါ်ကို ဆွဲယူတင်လိုက်သည်။ ထို့နောက် သူ့လက်တွေဟာ မိုးသောက်ခန္ဓာကိုယ်ပေါ် ခပ်ဖွဖွထိတွေ့ပြေးလွှားရင်း မိုးသောက်ရဲ့ မေးကို ဆုပ်ကိုင်ကာ ဆွဲယူပြီး ယစ်မူးစေသောနှုတ်ခမ်းပါးကို အမြတ်တနိုးနမ်းရှိုက်လိုက်မိသည်။ အသာအယာထိတွေ့နေသော သူ့နှုတ်ခမ်းတွေကို မိုးသောက်က အားမလိုအားမရဖြစ်လာဟန်တူသည်။ အသက်ရှူကြပ်လာသည်အထိ ပြင်းထန်လှိုက်မောဖွယ်အနမ်းတို​့ကြောင့် နှစ်ဦးကြားမှ ရင်ခုန်သံတွေဟာလည်း ဆူညံလို့နေပေတော့သည်။
လေကို ခပ်ဟ ဟ ရှူရှိုက်ရင်း မိုးသောက်ကိုပြောလိုက်မိသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now