" ကိုယ် တံခါးလော့ခ်ချထားပါတယ်ကွ "

" ပြီးပြီလား OT က ဘယ်နှစ်ယောက်လဲ "

မိုးသောက်က ဇက်ကို ဂျွတ်ကနဲမြည်အောင်ချိုးရင်း ပင်ပန်းသောလေသံနဲ့ ဖြေလာသည်။

" Minor တွေပါပဲ Hernia နဲ့ Appendix ပေါ့ (အူကျတာနဲ့ အူအတက်ပေါက်တာ ) "

နှစ်ယောက်သား စကားပြောရင်း ဆေးရုံကနေထွက်လာကာ ကားပါကင်ဆီရောက်မှ မိုးသောက်က သူ့ရဲ့ ကားအဖြူလေးဆီမေးငေါ့ပြရင်း ပြောသည်။

" ဒီမှာပဲထားခဲ့လိုက်တော့ အိမ်အတူပြန်ကြမယ် "

" ငါ့အိမ်မှာ မယ်မယ်စောင့်နေလိမ့်မယ် "

ငြင်းဆန်သည့်သဘောစွက်လေသောစကားကြောင့် မိုးသောက်ရဲ့မျက်နှာဟာ ပိုလို့ပင်ညှိုးနွမ်းသွားကာ ခေါင်းကိုငုံရင်း ခပ်တိုးတိုးအသံပြုသည်။

" အင်းပါ "

သူ့အိမ်မှာ မယ်မယ်အပါအဝင် ဆွေတော်မျိုးတော်အချို့ပါရှိလေရာ အိမ်ပြန်လျှင် မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် ထွေရာလေးပါစကားဆိုကြရင်း ငြီးငွေ့ဖွယ်မရှိ။ မိုးသောက်အတွက်မူ တစ်ယောက်တည်းရှိသောအိမ်ဟာ အထီးကျန်ဆန်လှပေမည်။ တိတ်ဆိတ်နေသော မိုးသောက်ကိုကြည့်ကာ အလိုလိုသနားစိတ်ဝင်လာသည့် သူ့ကိုယ်သူလည်း နားမလည်နိုင်။ တစ်ယောက်တည်းနေလျှင်တောင်မှ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်စွမ်းရှိသော ဆရာဝန်ကြီးတစ်ယောက်လုံးအား ခိုကိုးရာမဲ့နေသူတစ်ယောက်လိုထင်မှတ်ကာ သနားကြင်နာချင်မိနေပြန်သည်။ ချစ်မိပြီဆိုကာမှဖြင့် ချစ်သူ့ မျက်နှာညှိုးလျှင်တောင် မနေတတ်တော့သည်ပေါ့။

" ကလေးလိုလိုမျက်နှာပေးမလုပ်စမ်းပါနဲ့ Lock ဖွင့်လိုက် ကားကို "

ကားတစ်ဖက်ကိုသွားကာ တံခါးဖွင့်ပြီးဝင်ထိုင်တော့မှ ကားမောင်းသူနေရာကို ဝင်ထိုင်လာသည့်မိုးသောက်ဟာ ကားမောင်းနေစဥ်မှာလည်း တိတ်ဆိတ်နေပြီး အိမ်ကိုရောက်သည်အထိ ငြိမ်သက်နေခဲ့သည်။ အိမ်ရှေ့ဆင်ဝင်အောက်မှာ ကားရပ်လိုက်သည့်အချိန် မိုးသောက်မျက်နှာကိုကြည့်ကာမေးမိသည်။ အိမ်အပြင်ဘက်ဝန်းကျင်တစ်ခွင်ဟာ အမှောင်ထုသာကြီးစိုးနေချိန် ကားမီးရောင်ကြောင့်မြင်နေရသည့် မိုးသောက်မျက်နှာဟာထင်ထင်ရှားရှားမရှိလှပေ။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Onde as histórias ganham vida. Descobre agora