[9]

769 155 26
                                    

" အ့ ! "

" ဆောရီးကျွန်တော်မမြင်မိလိုက်လို့ "

ကျန်းဟောင့်က တောင်းပန်စကားဆိုကာသူဝင်တိုက်
လိုက်မိတာကြောင့် ပြုတ်ကျသွားတဲ့စာအုပ်တွေကို
အလျင်အမြန်ကောက်လိုက်ပြီး ထွက်သွားရန်
ပြင်သည် ။

" ခဏနေပါဦး ! "

" လက်ကိုလွှတ် "

ကျန်းဟောင့်က တစ်ဖက်ကလူကိုစူးစိုက်ကြည့်ပြီး
ပြောသော်လည်း သူ့လက်ကိုမလွှတ်ဘဲပိုပြီး
တင်းကျပ်စွာ ဆုပ်ကိုင်ထားသူကြောင့်ဒေါသတွေ
ထွက်လာရသည် ။

ဟောင့်ဝါသနာပါတဲ့ အာကာသနဲ့ပတ်သတ်တဲ့
ပြခန်းတစ်ခုကို တက်ရောက်ပေးပါရန်ဖိတ်ကြား
ထားတာမလို့ တက္ကသိုလ်ကအပြန်မှာဝင်ဖို့စီစဉ်
ထားရာမှ မထင်မှတ်ပဲ နောက်ကျနေတာကြောင့်
အလျင်လိုနေရတဲ့ထဲ ယခုကဲ့သို့အနှောင့်အယှက်
မျိုးနဲ့တွေ့သောအခါ စိတ်တိုလာသည် ။

ကျန်းဟောင့်ရုန်းသော်လည်း သူ့ကိုမလွှတ်ပေး
သည့်အပြင် ခပ်ပြုံးပြုံးကြီးနှင့်ကိုသူ့ကိုပြုံးပြ
နေသူကြောင့် ကျန်းဟောင့် မြင်နေရတဲ့ထိုလူရဲ့
မျက်တောင်မွှေးတွေကို ဆွဲနှုတ်ပစ်ချင်လာရသည် ။

" တောင်းပန်ပါတယ်လို့ပြောပြီးပြီလေဘာလို့
အရေးကြီးခွင်ကျယ်လုပ်နေတာလည်း "

" အဲ့လိုမဟုတ်ပါဘူး မင်းရဲ့စာအုပ်တစ်အုပ်
ရောပါလာလို့ ပေးမလို့ပါ "

တစ်ဖက်လူကပြောပြီး သူ့လက်ထဲကိုသူ့ရဲ့
ဘဝတစ်လျှောက်လုံး အာကာသနဲ့ပတ်သတ်ပြီး
စာရင်းပြုစုထားတဲ့ စာအုပ်လေးကိုပေးလာတာမလို့
အားနာစိတ်ကလေးတော့ဖြစ်ပေါ်လာမိသည် ။
ခုဏက စာအုပ်တွေကောက်ပေးနေရင်းရောပါ
သွားတာဖြစ်ကောင်းဖြစ်နိုင်ပါသည် ။

" အဲ့ဒါဆိုရင် ကျေးဇူးတင်ပါတယ်အလျင်လို
နေတာမလို့ ခွင့်ပြုပါဦး "

ကျန်းဟောင့် တစ်ဖက်ကလူကမ်းပေးသော
စာအုပ်ကိုဆွဲယူပြီးလှည့်ထွက်ရန်လုပ်သော်လည်း
စာအုပ်ကတစ်ဆင့်ပြန်ဆွဲထားသူကြောင့်
ကျန်းဟောင့်က မေးဆက်ပြလိုက်တော့တစ်ချက်
ရယ်လာကာ ပြောသည် ။

Favorite CrimeWhere stories live. Discover now