ရှီချီက မြစ်ကမ်းဘေးသို့ လျှောက်သွားသောအခါ သူက ရေထဲသို့ လက်တစ်ချောင်း နှစ်ကြည့်လိုက်ပြီးနောက် လျှာဖြင့် တို့ကြည့်ကာ မျက်မှောင်ကြုတ်သည်။

"ရေသေပဲ"

နင်မုန့်က ထိုအခါမှသာ တုန့်ပြန်လိုက်သည်။

"ဒီလောက်မြစ်အရှည်ကြီးက ရေသေရှိတာလား"

ရှီချီက ခေါင်းညိတ်သည်။

"ဒီမြစ်က ပုံမှန်မဟုတ်ဘူး၊ တံတားကို တစ်ချက်သွားကြည့်ရအောင် "

ရေသေနှင့် ရေရှင်တွင် ကွာခြားချက်က ကြီးသည်။ ရေရှင်က ရေအရင်းအမြစ်အဖြစ် သတ်မှတ်၍ ရပြီး တိရစ္ဆာန်များကလည်း ရှင်သန်နိုင်သည်။ အထဲတွင် လူများ သောက်သုံးရန်အတွက် ဘက်တီးရီးယားပိုးပေါင်းများစွာ ရှိနေသည့်တိုင်အောင် သောက်ချင်လျှင် အဆင်ပြေနိုင်သေးသည်။ သို့ရာတွင် ရေသေကို သောက်သုံးလိုက်မိလျှင်မူ ထိုပိုးများကြောင့် သေသွားနိုင်သေးသည်။

ဒီမြစ်ကလည်း မြေပုံတွင် မပါသည့်အတွက် မည်မျှရှည်ကြောင်း သူတို့က မသိနိုင်ပေ။

လျိုရွှမ်းက ကျောက်တုံးတံတား၏ သုံးပုံတစ်ပုံခန့်တွင် ရပ်နေသည်။ ကျောက်တုံးတံတားကြီးက နှစ်မီတာခန့် ကျယ်သည်။ နေရာတိုင်းတွင်လည်း ကျနေသော ရွက်ကြွေများနှင့် ကျောက်စရစ်များက ရှိနေပြီး အချို့သော အကြွင်းအကျန်များကိုလည်း မြင်နိုင်သည်။

"အလို ဘယ်လိုဖြစ်ပြီး မရှိတော့လဲ "

သူမက ရေရွတ်ပြီး မျက်လုံးအပြူးသားဖြင့် တံတားပေါ်တွင် လိုက်ရှာနေသည်။

အချိန်တစ်ခုကြာပြီးနောက် သူမက ထိတ်လန့်သော မျက်နှာဖြင့် ထရပ်ကာ ယခုမှ ရောက်လာသော လူနှစ်ယောက်ကို ကြည့်ကာ နှုတ်ခမ်းကိုသပ်လျက်ပြောသည်။

"မျက်နှာဖုံးက ပျောက်သွားပြီ"

လျိုရွှမ်းကလည်း သူမ၏အတန်းဖော်များနှင့် ဆော့နောက်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ သူမက မျက်နှာဖုံးကို ဒီနေရာတွင် ပစ်ချထားခဲ့သည်။ တစ်စုံတစ်ယောက်က မယူသွားသမျှကာလပတ်လုံး ပျောက်သွားစရာအကြောင်းမရှိပေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now