ဆက်အိပ်ဖို့လဲ မတွေးတာကြောင့် မျက်နှာသစ်ပြီး အောက်ထပ်ကိုသာဆင်းလာခဲ့လိုက်သည်။ ဒီချိန် P'လဲနိုးသေးမှာမဟုတ်သေးတာကြောင့် ထလာချိန်စားဖို့ တစ်ခုခု ပြင်ဆင်ပေးရန်သာ စဉ်းစားလိုက်သည်။ ပြင်ဆင်ပြီး ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ အလုပ်ပိတ်ရက်မို့ တစ်ရက်လုံး အိမ်မှာသာနေရအုံးမည်။ လုပ်စရာ စာရင်းတွေကို စစ်နေရန်သာ တွေးထားလိုက်သည်။

စားဖို့အတွက်ပြင်ဆင်ပေးပြီး နာရီကြည့်လိုက်တော့ 8နာရီပင်ခွဲတော့မည်။ ဒီချိန်ဆို P'လဲနိုးနေလောက်ပြီးပေါ့။ သွားခေါ်ရန်ထွက်မည်အလုပ် P'ဝင်လာတာတွေ့တော့

"P' နိုးပြီးလား fotfotကသွားတက်ခေါ်တော့မလို"

" နိုးပါပြီးဗျာ ဒါနဲ့ Nong ဘယ်အချိန်ထဲက နိုးနေတာလဲ"

" ဟီးး သိမ့်မကြာသေးပါဘူး P'ကလည်း 7ခွဲလောက်ကဘဲ"

" ဘာ မင်းအဲ့အချိန် ထနေကြလား fot အိမ်မှာဆို 9နာရီကျော်လောက်မှထနေကြလေ ဘာလဲ geminiကြောင့်ဘဲလား"

" ဟာ မဟုတ်ပါဘူး fotfotသာ Fotfot ထတာပါ အဲ့အချိန် ဆေးရုံသွားရတော့ အဲ့အချိန်ထ ကွက်တိဘဲလေ အမို့ပါ ဟုတ်တယ် "

" ပြီးရော P' 10နာရီခွဲလောက်ကြ အိမ်ပြန်မယ်နော် တစ်ယောက်ထဲဖြစ်ရဲ့လား Nong fordကိုခေါ်ပေးရမလား fot"

" ရပါတယ် P'ကလည်း သပ်သပ်သူများကို ဒုက္ခဖြစ်အောင် Fotfot တစ်ယောက်ထဲ ဖြစ်ပါတယ် ဗျ .."

" ဟုတ်ပြီး အဆို P'လဲခနနေပြန်တော့မယ် ခုတောင် 9ခွဲနေပြီး ကားမောင်းရင် 10နာရီထိုးသွားလိမ့်မယ် P'လဲတစ်နေရာဝင်စရာရှိသေးလို့လေ"

" ဟုတ် P' ကားကိုလဲ ဂရုစိုက်မောင်းအုံး ကားလမ်းတွေက ဟိုမှာလိုမဟုတ်ဘူး စစရာရာဂရုစိုက်ဗျ"

" ဟုတ်ပါပြီး ပေါက်စရယ် မသိရင် အဖေကြီးကြနေရော ပွစိပွစိနဲ့ "

" fotfot က စိတ်ပူလို့ပြော‌ပြပေးတာကို " နှုတ်ခမ်းကြီးရှေ့ထွက်လာပြီးမို့ Phuwin ဆက်မစတော့ဘဲ အခန်းထဲက ခရီးဆောင်အိတ်အားယူကာ ကားနောက်အဖုံထဲတွင်ထညိ့လိုက်သည်။ ပြီးတော့ ကားမောင်းသူနေရာ‌တွင် ထိုင်ပြီး fotအားနှုတ်ဆက်လိုက်သည်။

အချစ်ကို ကျော်လွန်၍Where stories live. Discover now