''ကောနော်...ညီမလေးမားနဲ့ပြန်တိုင်မှာ''

''ငါကမကြောက်တာ နင့်ကိုလင်ပေးစားပစ်မယ် တိုင်ရဲရင်တိုင်လိုက်လေ။''

''ဟာ..ဒါတော့များသွားပြီ ညီမလေးက မမရှစ်အယ်ကိုပဲယူမှာ ကိုကိုကသာ မမကိုရန်လိုက်စမနေနဲ့။''

''နေပါ...ဟိုကနင့်ကိုသိတောင်မသိတာ
သနားစရာကလေးမလေးက ရူးနေပြန်ပြီ။''

''ဟွန့်...ညီမလေးက မမရှစ်အယ်ကိုရအောင်လက်ထပ်ပြမယ် ကိုကိုသာလင်မရပါစေနဲ့။''

''ဒီကောင်မလေး...ငါ့ကိုပြောသွားတယ်။''

''ဟဲဟဲ ကိုကိုသာလင်ကောင်းသားကောင်းရပါစေ ဟီး..ပြန်တော့မယ် မှားလို့ မမရှစ်အယ်ကိုသွားချောင်းလိုက်ဦးမယ်။''

''နှာဗူးမလေး..ယူရှောင်း။''

''ခပ်ဗူးဗူးပဲ..ဟွန့်။
သူတောင်ဗူးစရာလူမရှိပဲနဲ့ သနားစရာလူပျိုသိုးကြီးယူဘင်း ခွီးး...''

''ယူရှောင်း...သေဖို့သာပြင်ထား''

''ဘလာဘလာဘလာ...ေဝါ့..''
''လင်လေးဘာလေးရှာအုံး ဒီအတိုင်းအရိုးမထုတ်လိုက်နဲ့ကောကော။
ခွီးးးး''

''လွတ်အောင်ပြေးထား...ယူရှောင်းမ
နင်အသေပဲမှတ်။''

''ဟားဟားဟား''

စောစောစီးစီးမှာပဲ ယူ မောင်နှမနှစ်ယောက် စိန်ပြေးလိုက်တမ်းကစားနေကြပြန်သည်။

✴✴✴✴✴✴✴✴✴✴✴✴✴✴

''ဟင့်..ပါးပါး..''

စျေးဝယ်စင်တာထဲတွင် ကလေးငိုသံလေးက ခပ်ဆူဆူ။

ရှောင်းကျန့်ကဟင်းသီးဟင်းရွက်တန်းဘက်တွင် ဝယ်စရာများကိုရွေးနေသည်မို့
ဝမ်ရိပေါ်နဲ့သာ သားဖြစ်သူကိုအတူချန်ထားခဲ့မိလေခြင်း။
ယခုမူ ကလေးရဲ့ငိုသံကိုကြားပြီး သူအတော်လေးလန့်သွားရတယ်။

''ပါးပါးကစျေးဝယ်နေတယ်သားရဲ့
မငိုရဘူးနော် ဒယ်ဒီဝမ်ရှိတယ်လေ..
သားသားဗိုက်ဆာနေလို့လား။''

''အု..ပါးပါး..ပါးပါး။''

''ကောင်းပြီ မင်းပါးပါးဆီ
ဒယ်ဒီလိုက်ပို့ပေးမယ်မဆိုးရဘူးယွင်ဝမ်။''

You've reached the end of published parts.

⏰ Last updated: Oct 05, 2023 ⏰

Add this story to your Library to get notified about new parts!

It's youWhere stories live. Discover now