အပိုင်း ၆ : အရုပ်

Начните с самого начала
                                    

"အော " ဝမ်းရှီသည် နောက်ဆုံးတော့ ပြန်လည်ခွန်းတုံ့ပြန်လာပြီး နေရာတွင်ရပ်လျက် လှည့်ကြည့်လိုက်သောအခါ ရှချောင်၏ခြေထောက်များမှာ ဘတ်စ်ကားထဲ၌သာ ‌ရှိနေသေးကြောင်း မြင်လိုက်ရသည် ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည်သာ အပြင်ဘက်သို့ ယိုင်နေလျက် ။ မိုးရေစက် အနည်းငယ်က သူ့မျက်နှာပေါ် ကျဆင်းနေပြီး မျက်လုံးဘေးရှိ အမာရွတ်ပေါ် ဆင်းသက်သွားသည် ။

"မင်းဘာသာ လျှောက်သွားသွား မသွားသွား ငါနဲ့ဆိုင်လို့လား ? " ဝမ်းရှီသည် အလွန်အင်မတန် မှိန်ဖျော့သော အမာရွတ်ကို စိုက်ကြည့်ကာ ပြောလိုက်သည် ။ "မင်းက လူမှမဟုတ်တာ "

ဘတ်စ်ကားထဲမှ ထွက်စပြုနေသော အနှီရှချောင်မှာ ရုတ်ချည်းတောင့်ခဲသွားပြီး တိုးညှင်းစွာဖြင့် "ဝမ်းကော...ဘာအဓိပ္ပာယ်လဲ ? ကျွန်တော် နားမလည်ဘူး "

ဝမ်းရှီသည် သူ့ မျက်လုံးထောင့်သို့ ညွှန်ပြလိုက်၏ ။ "အမာရွတ်က‌ ပြောင်းပြန်ကြီးဖြစ်နေတယ် "

တစပြင်အလား တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာခဲ့သည် ။

ဝမ်းရှီနှင့် "ရှချောင်"သည် အချိန်တစ်ခုကြာအောင် အကြည့်ချင်းစုံနေပြီးနောက် ဝမ်းရှီသည် လက်ဆန့်ကာ ကားတံခါးအပြင်ဘက်ရှိ အရေးပေါ်အပိတ်အဖွင့်ခလုတ်အား နှိပ်လိုက်တော့သည် ။ ဘတ်စ်ကားတံခါးမှာ အသံမြည်လာပြီး ပြန့်ပြူးလာကာ အပြင်သို့ ကိုယ်တစ်ပိုင်းရို့နေသော အရာမှာ တံခါးနှစ်ချပ်ကြား ညပ်သွားလေ၏ ။

"ရှချောင် " : "....."

ဝမ်းရှီ လမ်းတစ်လျှောက် ရှေ့ဆက်လျှောက်လာခဲ့ချိန် သူ့အနောက်တွင် မှိန်ဖျော့ဖျော့ အော်သံများမှတစ်ပါး အခြားမရှိပေ ။

လမ်းမှာ အလွန်တရာ ဖြောင့်တန်းနေလျက် ။ ဘေးတစ်ဘက်တစ်ချက်ရှိ သစ်ပင်များအားလုံး၏ အမြင့်နှင့်အကွာအဝေးမှာ ကွက်တိတူညီနေလေရာ သူအပေါ်သို့တက်နေသည်လား အောက်သို့ဆင်းနေသည်လား ခွဲခြားရန် မဖြစ်နိုင်ပါချေ ။ အဆုံးသတ်ဟူ၍ စိုးစဉ်မျှမရှိပုံပေါ်၏ ။

ဝမ်းရှီသည် ထိုအခြင်းအရာကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းနေလျက် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Место, где живут истории. Откройте их для себя