"နင့်ဟာကဖြစ်ပါ့မလားဟယ် ဟုတ်မှလည်းလုပ်ပါရှင်းရှင်းရယ်"

"ဖြစ်ပါတယ် နင်နည်းနည်းတော့ကူညီပေးပေါ့"

"အေး အေးပါဟယ် "
သူငယ်ချင်းကို​ပြောလို့မတက်နိုင်တဲ့အဆုံးတော့ ကြယ်စင်လည်း ကူညီ​ပေးလိုက်ရလေသည်။

ဒီလိုနှင့်ကာထားတဲ့အုတ်တံတိုင်းနားကို သူတို့နှစ်ယောက်စလုံးရောက်သွားကြလေသည်။
ကြယ်စင်ကအောက်ကနေ ရှင်းရှင်းအုတ်တံတိုင်းပေါ်ရောက်နိုင်ဖို့ကိုကြိုးစားပြီးတွန်းတင်ပေးလေသည်။ရှင်းရှင်းကလည်းအပေါ်ကိုရောက်နိုင်ဖို့ သူ့အားနှင့်ကြိုးစားပြီးကုတ်တက်လေသည်။ ဒီလိုနှင့်သူတို့နှစ်ယောက်ပေါင်းပြီးကြိုးစားလိုက်တာ အဆုံးမှာတော့ ရှင်းရှင်းတစ်ယောက်ခြံထဲသို့ဝင်နိုင်ခဲ့လေသည်။

"ရောက်သွားပြီလား ရှင်းရှင်း"
ကြယ်စင်ကအ​ပြင်က​နေအသံခပ်တိုးတိုးဖြင့် ခြံထဲကရှင်းရှင်းကိုမေးလေသည်။

"အေးရောက်ပြီ ရောက်ပြီငါ့ကိုစိတ်မပူနဲ့ငါလုပ်စရာရှိတာသွားလုပ်လိုက်အုံးမယ် နင်အပြင်မှာဘဲစောင့်နေနော် ကြယ်စင်"
ရှင်းရှင်းကလည်းကြယ်စင်ပြောတဲ့အသံမျိုးနှင့်ဘဲ ​ခြံထဲက​နေခပ်တိုးတိုးပြန်ပြောလိုက်လေသည်။

ရှင်းရှင်းခြံထဲရောက်​နေပြီးအခြေအနေကို​သေချာအကဲခတ်နေလေသည်။ ည​အချိန်ဖြစ်​နေလို့ထင်သည် ​ လုံးဝတိတ်ဆိတ်နေကာ အပ်ကျသံ​​လေးတောင်မကြားရပေ.. ရှင်းရှင်းခြေဖွနှင်းကာ သူ့ယူလာတဲ့ပစ္စည်းတွေ မြုပ်လို့အဆင်ပြေမဲ့နေရာကိုရှာရင်းအိမ်ရဲ့အခြေအနေကိုလည်း​ကြည့်ကာသတိထားနေရလေသည်။

ခြေလှမ်းကိုခပ်ဖွဖွလေးလှမ်းပြီး လိုက်စူးစမ်းနေမိကာ တစ်နေရာအရောက်မှာတော့ ရှင်းရှင်းပစ္စည်း​တွေကိုမြုပ်လို့အဆင်ပြေနိုင်မဲ့နေရာတစ်ခုကိုစဥ်းစားမိသွားလေသည်။
​​​ရှောင်းကျန်တို့​၏အိမ်ပုံစံဟာဟာဆိုရင်အ​တော်ကျယ်ဝန်းလှပြီး ​ခြံထဲစဝင်ကတည်းကနေအိမ်ရှေ့အဝင်ပေါက်နားအထိ ပန်းပင်လေးတွေကိုတန်းစီ​ပြီးစိုက်ပျိုးကာအလှဆင်ထားလေသည်။

  ထို့နောက်အိမ်နှင့် သိပ်မလှမ်းမကမ်းမှာရှိတဲ့သစ်ပင်အောက်မှာ​တော့ကျွန်းသားနှင့်ပြုလုပ်ထားသည့် ထိုင်ခုံတွေနှင့် စားပွဲတစ်လုံးရှိလေသည်။ ထိုစားပွဲခုံရဲ့အောက်ဘက်မှာ ပစ္စည်းတွေကို့မြုပ်ဖို့ရှင်းရှင်းစဥ်းစားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျွန်းစားပွဲ၏ အောက်ဖက်သည် မြေကြီးသားမဟုတ်ဘဲ ကျောက်စရစ်ခဲသေးသေးလေးများဖြစ်နေသောကြောင့်ဖြစ်သည်။ သူ့အနေနဲ့တခြားနေရာတွေမှာမြုပ်မည်ဆိုလျှင် ပစ္စည်းကကတူးပြီးမြုပ်ရမှာဖြစ်သည့်အတွက် မနက်​ရောက်လို့ရှောင်းကျန့်တို့တွေ့သွားလျှင် သံသယရှိနိုင်သည်မဟုတ်လား...ကျောက်စရစ်ခဲလေးများနှင့်ဆိုလျှင်မြုပ်ပြီးတာနှင့် မသိတာအောင်သေချာပြန်ဖုံးခဲ့လို့ရလေသည်။ နောက်တစ်ချက်က ရှောင်းကျန့်တို့အနေနှင့်စားပွဲအောက်ကိုသတိထောင်ထားမိမည်မဟုတ်ပါ....

A chance to change the past (Complete)Where stories live. Discover now