"ဘယ်လိုပြကွက်မျိုးပြမလဲ သိချင်သွားပြီပဲ ငါတို့ကျောင်းတော်မှာ... အမြွှာစွမ်းအားရှင်တောင် ဆယ်ယောက်ထက်မပိုဘူးလေ...သုံးမြွှာမှော်ဆရာကတော့ ဒါက... ဒုတိယတစ်ယောက်ပဲ "
"နောက်ထပ်တစ်ယောက်ရှိသေးတယ်ပေါ့" ဂျူနီယာကျောင်းသားလေးတွေက စီနီယာစကားကြောင့် စိတ်များတက်ကြွကုန်ကာ ဝိုင်းမေးကြတော့သည်၊
"အဆင့်သတ်မှတ်ချက်ထဲက အဆင့်တစ်တစ်ယောက်လေ~ ​သူက ကျောင်းတော်ကြီးရဲ့အနာဂတ်လို့ ပြောရမယ် ဒါပေမယ့် ဆက်ခံသူတော့ မဟုတ်ဘူးနော်... "
ထိုစီနီယာစကားကြောင့် ကျောင်းသားလေးတွေကလည်သွားတော့သည်၊ဒါပေမယ့် ထိပ်တန်းကျောင်းသားဆိုတဲ့စကားနဲ့တင် အတော်ကိုအထင်ကြီးစရာကောင်းနေတော့သည်၊
ထိုချိန်မှာ ဒန်နာရီကလည်း သူရှေ့ရှိအရုပ်တွေကိုကြည့်ကာ အလွယ်ဆုံးအဆင့်ကိုရွေးချယ်လိုက်သည်၊ဒါက အရုပ်က ဒီအတိုင်းရပ်နေရုံအဆင့်သာဖြစ်ပြီး ပစ်မှတ်ကိုထိလွယ်လှသည်၊
သူ့ဆီမှာ သဘောတရားသာရှိပြီး လက်တွေ့အသုံးချမှုမရှိသေးတာကြောင့် ဒါက သူ့အတွက်လည်း အနည်းငယ်တော့ ခက်ခဲလှသည်၊
ဒန်နာရီက စွမ်းအားတွေကို လက်မှာစုလိုက်ပြီး မကြာခင်မှာ လေစွမ်းအားများက ဒန်နာရီရဲ့လက်ကြားမှာ ပေါ်ပေါက်လာတော့သည်၊ဒန်နာရီက အများအားဖြင့် Spiritတွေကိုသာ အသုံးပြုပြီး ကိုယ်ပိုင်စွမ်းအားအသုံးပြုချိန်မှာ အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်သည်ဟု တွေးမိသည်၊
ဒါပေမယ့် သူက သိပ်မတွေးတော့ပဲ လက်နှစ်ဖက်လုံးဆီမှာ လေစွမ်းအားကို စုလိုက်သည်၊ထို့နောက်မှာ ရှေ့ဆင့်နောက်ဆင့် ပစ်သွင်းလိုက်ချိန်မှာ လေစွမ်းအားအချင်းချင်းထိကာ ဝုန်းဆိုတဲ့ပေါက်ကွဲသံထွက်ပေါ်လာပြီး အရုပ်ကတော့ ထိခိုက်မှုမရှိပေ၊ဘာလို့လည်းဆိုတော့ လမ်းတစ်ဝက်မှာ ပေါက်ကွဲသွားတာကြောင့်ဖြစ်သည်၊
ဒန်နာရီအနေနဲ့ ပထမဆုံးစမ်းသပ်တာကြောင့် ကျဆုံးသွားရင်တောင် မျက်နှာအမူအရာပျက်သွားမည်မဟုတ်ပေ၊
ဒန်နာရီက ဆယ့်သုံးကြိမ်မြောက်ကြိုးစားပေမယ့် ကျဆုံးမြဲ၊တစ်ချို့ကတော့ ပျင်းလာတာကြောင့်ထွက်သွားပေမယ့် လူတစ်ချို့ကတော့ ကျန်ရစ်နေသေးသည်၊အထူးသဖြင့် လေစွမ်းအားအသုံးပြုတဲ့သူအများစုပေါ့၊အခြားသူတွေ နားမလည်ပေမယ့် သူတို့က စီနီယာကျောင်းသားတွေဖြစ်ရုံသာမက စစ်မြေပြင်မှာပါ အတွေ့အကြုံယူဖူးတာကြောင့် ဒန်နာရီက ကြီးကြီးမားမားတစ်ခုခုကို ပြသမည်ကို ယုံကြည်ကြသည်၊ဒါကြောင့် သူတို့အချိန်တွေ ပုပ်ရင်တောင် ဂရုမစိုက်ပေ၊