"ဒါက မွေးရာပါရေခဲမှော်အသုံးပြုတဲ့သူတွေထက်တောင် စွမ်းအားမမြင့်မားပေမယ့် စစ်မြေပြင်မှာတော့ ရန်သူကို ထိခိုက်မှု 10%လောက်ရှိတယ်"
ပါမောက္ခရဲ့စကားကြောင့် တစ်ချို့ကျောင်းသားများရဲ့မျက်ဝန်းများက တောက်ပလာတော့သည်၊သူတို့က လေစွမ်းအားနဲ့ရေစွမ်းအားရှိသူများဖြစ်ပြီး အများအားဖြင့် တိုက်ခိုက်ရေးမှော်ထဲမှာ အားအနည်းဆုံးလို့သတ်မှတ်ခံသူများဖြစ်သည်၊
"ငါတို့က လေစွမ်းအားနဲ့ရေစွမ်းအားကို ရောစပ်နည်းသာမသိခဲ့ရင် ငါတို့ကတော့ ကယ်ဆယ်ရေးအဖွဲ့ထဲကို ဝင်ရတော့မယ် ထင်ခဲ့တာ..." ကျောင်းသားတွေက သူတို့ဘာသာသူတို့ပြောနေကျပေမယ့် အီရှက ဒန်နာရီနားကပ်ကာ မေးလိုက်သည်၊
"ဒန်နာရီ မင်းလည်း လေစွမ်းအားပိုင်ဆိုင်ထားတာပဲမလား... မင်းကော ဘယ်လိုသဘောရလဲ"
"ဆရာပြောတဲ့အတိုင်းက တကယ်ထိရောက်ပေမယ့် လေစွမ်းအားနဲ့ရေစွမ်းအား တိုက်ခိုက်နှုန်းကိုလည်း 30%ဆီလျော့သွားစေတာပဲလေ တကယ်လို့ တိုက်ပွဲမှာ အကျိုးဝင်ပေမယ့်လည်း အားနည်းချက်တွေအတော်များတယ်"
အီရှရဲ့မျက်ဝန်းများကတောက်ပသွားကာ သူက လက်တွေစမ်းသပ်ချက်ကို မြင်တွေ့ချင်နေတော့သည်၊
"ငါတို့ တိုက်ခိုက်ရေးကွင်းထဲရောက်ရင် မင်း လက်တွေ့ပြသစမ်းပါကွာ...တကယ်စိတ်ဝင်စားတယ်"
ဒန်နာရီလည်း အီရှစကားကို ခေါင်းညိတ်လက်ခံလိုက်သည်၊ပြီးတော့ ရှီရယ်တို့ကလည်းစိတ်ဝင်စားနေတာကြောင့် သူလည်း ဒီအတွေ့အကြုံမရှိတဲ့သခင်လေးတွေကို အစွမ်းပြသချင်နေတော့သည်၊
'ကြွားဝါသလိုများဖြစ်နေလားပဲ'
အတန်းချိန်ပြီးသွားတဲ့အချိန်မှာတော့ ဂျော့ဖရေးက ဒန်နာရီတို့အတန်းရှေ့ကိုရောက်နေပြီဖြစ်သည်၊ဂျော့ဖရေးက သူ့သူငယ်ချင်းတွေနဲ့စကားပြောနေရင်း ဒန်နာရီကိုစောင့်နေတော့သည်၊
"ငါတို့အဖွဲ့သာ အဲ့ပါရမီရှင်ငါးယောက်ကို ခေါ်ရင်တော့ အတော်ကိုအမုန်းခံရတော့မှာပဲ" ချန်းရုလို့ခေါ်တဲ့တရုတ်မျက်နှာပေါက်နဲ့ကျောင်းသားက ရယ်ရယ်မောမောနဲ့ပြောလာတော့သည်၊ကျန်တဲ့သူတွေကလည်း ကြုံရမည့်အခက်အခဲထက် ပါရမီရှင်ကျောင်းသားငါးဦးလုံးက သူတို့အဖွဲ့ထဲဝင်မှာ သိရတော့ အတော်ကိုပျော်ရွှင်နေတော့သည်၊ပြီးတော့ ရွှေအဆင့်ကျောင်းသားသစ်တွေလေ၊