" တော်ပါသေးတယ် ရေမနက်လို့ "

ရေကနည်းနည်း တိမ်လို့တော်ပါသေးတယ်။ ကျွန်တော်အေးအေးဆေးဆေးရေထဲမှာ ဆိမ်နေလိုက်သည်။ နေကျသွားပြီမလို့ ရေကနည်းနည်းတော့အေးတယ်။ ဒါပေမဲ့ ကျွန်တော် ရေဆိမ်လိုက်တာကြောင့် လူကနုံနေရာကနေ လန်းဆန်းသွားတော့သည်။

" မပြီးသေးဘူးလားထယ်ယောင်း...အကြာကြီးရေဆိမ်မနေနဲ့ "

ရေထဲဆင်းတာနာရီကွက်တောင်မကြာသေး လှမ်းအော်သော ဂျောင်ကု။ အခုမှကျွန်တော့်ကိုဇွတ်တွေစိတ်ပူပြနေတာ..

" ပြီးပါပြီဗျာ...ခင်ဗျားကလည်း "

ကျွန်တော်လဲ ရေထဲမှတက်လာလိုက်သည်။ ရေခြောက်တော့မှ ကျွန်တော်အကျီပြန်၀တ်ကာ ဂျောင်ကုအနားကို သွားလိုက်သည်။

" ဂျောင်ကု...သုတ်ဖို့အ၀တ်တစ်ခုခုများရှိလား...ကျွန်တော်ခေါင်းသုတ်မလို့ "

ကျွန်တော်ရဲ့ ဆံပင်အရှည်တွေက ရေဆိုနေသေးတော့ ဂျောင်ကုကိုပဲအကူအညီတောင်းရတော့သည်။ မသုတ်ပဲထားရင် ဖျားသွားမယ်လေ။

ကျွန်တော်ပြောလိုက်တော့ ဂျောင်ကုက သူ့လက်ထဲမှာပါလာတဲ့ အ၀တ်ထုပ်တစ်ခုထဲက အ၀တ်တစ်ခု ထုတ်ပေးသည်။

" ရော့ယူ.... "

ကျွန်တော်လည်း ဂျောင်ကုပေးတဲ့အ၀တ်စကိုယူကာ ခေါင်းကိုသုတ်နေလိုက်သည်။ အခုကျွန်တော်က ဆံပင်ရှည်တွေရှိနေတာမလို့ သုတ်ရင်တော်တော်နဲ့ခြောက်မယ်မထင်။ အရင်က ဆံပင်တိုနဲ့မလို့ ခဏပဲသုတ်ရတယ်မလား။

" မင်းတစ်နေရာရာမှာထိုင်ပြီး ခေါင်းသုတ်လေ... ငါစောင့်ပေးမယ် "

ကျွန်တော်ဂျောင်ကုပြောသလိုပဲ အနီးအနားကကျောက်တုံးတစ်ခုပေါ်မှာ ခဏထိုင်ကာ ဆံပင်တွေကိုအမြန်သုတ်နေလိုက်သည်။

ကျွန်တော်ခေါင်းသုတ်နေရင်း ဘေးမှာမတ်တပ်ရပ်နေတဲ့ ဂျောင်ကုက မလှုပ်မရပ်။ ကျောက်တုံးကြီးများလား အောက်မေ့ရတယ်။ ကျွန်တော်လည်း ခေါင်းသုတ်နေရင်း ဂျောင်ကုကို စကားစပြောဖို့ပြင်လိုက်သည်။

" ဂျောင်ကု...မနက်ကကျွန်တော်တောင်မသိဘဲ အစောကြီးဘယ်ကိုသွားတာလဲ.. "

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Kde žijí příběhy. Začni objevovat