ကျွန်တော် ဟိုကြည့်ဒီကြည့်အကြံထုတ်နေတုန်း အိမ်နောက်ဘေးမှတံခါးတစ်ခုပွင့်နေတာကို တွေ့သွားသည်။
အာ...အကြံရပြီ...အဲ့တံခါးကနေ ဘယ်သူမှမသိအောင် ထွက်ပြေးရမယ်.. ဟုတ်တယ်..

ကျွန်တော်လည်း ဟိုကောင်ဆိုဟွန်းကို အာရုံပြောင်းရန် ကြံရတော့သည်။

" ဆိုဟွန်း...ငါအ၀တ်လဲမလို့ အပြင်ခဏလောက်ထွက်နေ... "

" ကောင်းပါပြီသခင်လေး.. "

ဆိုဟွန်းလည်း ကျွန်တော်ကိုအရိုအသေပေးပြီး အိမ်ထဲကထွက်သွားတော့သည်။ အဲ့တာကျွန်တော့်အတွက် ဂွင်ပဲလေ...။
ကျွန်တော်လည်း ကုတင်ဘေးကခုံပေါ်မှာ တင်ထားတဲ့ အိတ်သေးသေးလေးကိုယူလိုက်သည်။ ဒါ အသပြာထည့်ထားတဲ့ အိတ်ပဲဖြစ်ရမယ်။ ထွက်ပြေးမှာဆိုတော့ လမ်းမှာ ဗိုက်ဆာရင် စားဖို့ မန်းနီးလိုတယ်လေ..။

ကျွန်တော်လည်း ထိုအိတ်သေးသေးလေးကိုဆွဲကာ ထိုတံခါးကိုဖြတ်ကျော်ပြီး အပြင်သို့ထွက်လာခဲ့သည်။ အပြင်ကိုရောက်ရောက်ချင်းပဲ...ဆိုဟွန်းရဲ့ " သခင်လေး " ဆိုတဲ့အသံနဲ့ ကျွန်တော့်အနောက်ကို လိုက်လာတဲ့အသံ ကြားလိုက်တာမလို့ ကျွန်တော်လည်း ခြေဦးတည့်ရာကို ခွေးပြေး၀က်ပြေး ပြေးရတော့တယ်။

ကျွန်တော်ပြေးရင်း ပြေးရင်းနဲ့ တောအုပ်တစ်ခုထဲရောက်လာခဲ့တယ်။ လူမရှိ သူမရှိ သစ်ပင်တွေနဲ့အုံ့ဆိုင်း နေတဲ့တောအုပ်နက်ထဲကို...။ ကျွန်တော်လျှောက်ကြည့်ကာငေးမောနေတုန်း ခပ်မာမာတစ်ခုနဲ့ အုန်း ကနဲတိုက်မိကာ ဖင်ထိုင်ရက်လဲကြသွားတော့တယ်။
အားလားလား...ဖင်တစ်ခုလုံးအီဆိမ့်သွားတာပဲ...

ကျွန်တော်လည်း နာနေတဲ့ ခါးအောက်ကနေရာကိုပွတ်ကာ ထိုင်နေရာမှ ထလိုက်သည်။ ကျွန်တော်ကို ၀င်တိုက်တဲ့ အရာကိုကြည့်လိုက်တော့......အရာမဟုတ်ဘူး လူပဲ။
ထိုလူက ဟောင်းနွမ်းတဲ့အ၀တ်အစားတွေ၀တ်ထားတယ်။ ဒါပေမဲ့ ထိုလူရဲ့မျက်နှာကတော့ မင်းသားတွေငိုရလောက်အောင်ချောတာဗျာ...။ ဒါပေမဲ့ကျွန်တော်လောက်တော့ဘယ်ဟုတ်ပါ့မလဲ.. ။

" ခင်ဗျားလူတစ်ယောက်လုံး လာနေတာကိုတောင် မမြင်ဘူးလား "

" မင်းကဘယ်သူလဲ.. "

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now