" ဒါနဲ့မင်းနာမည်က... "

" သခင်လေးက ကျွန်တော့်နာမည်တောင်မသိတော့ဘူးလား... "

ဒီအတိုင်းအဖြစ်မှန်ပြောလိုက်ရင် မယုံပဲနေလိုက်မယ်။ ကျွန်တော်အကွက်နည်းနည်းအကွက် ဆင်ရမှာပေါ့..။

" အွန်း...ခေါင်းနဲနဲထိသွားတော့အတိတ် မေ့ချင်သလိုဖြစ်ပြီး မမှတ်မိတော့လို့.. "

ကျွန်တော်ပြောတာကို ထိုကောင်လေးကယုံသွားဟန်နဲ့ ခေါင်းတစ်ညိမ့်ညိမ့်ဖြင့်..

" ကျွန်တော်နာမည်က မင်ဆိုဟွန်းပါ..ကျွန်တော်ကသခင်လေးကို စောင့်ရှောက်ရတာပါ... "

ထိုကောင်လေးစကားကို ကျွန်တော် မေးစိပွတ်ပြီးနားထောင် နေသည်။ ဒီကောင်လေးကို ကျွန်တော်သိချင်တာအကုန်မေးလို့ရတာပဲ...

" ဒါနဲ့ ငါ့နာမည်... "

" သခင်လေး ကင်မ်ထယ်ယောင်းပါ "

နာမည်တော့မပြောင်းပါဘူး...။ တော်ပါသေးရဲ့..။

" အင်း....ဒါနဲ့မင်း ငါ့အကြောင်းကိုပြောပြနိုင်မလား... ငါသိပ်မမှတ်မိလို့... "

" ဗျာ...ဟုတ်ကဲ့... "

ကျွန်တော်လည်း အသင့်အနေအထားပြင်ပြီးနားထောင်ရန် နားစွင့်လိုက်သည်။

" သခင်လေးက အမတ်ကြီးကင်မ်မင်ထယ် ရဲ့ တစ်ဦးတည်းသောသားပါ.... "

ဟာကွာ..ကျွန်တော်က ကိုရီးယားနန်းတွင်းကားထဲကလို ဘုရင်အရှေ့မှာတစ်မျိုးပြောနောက်ကွယ်မှာ ခေါင်းပုံဖြတ်တဲ့ နှုတ်ခမ်းမွှေးရှည်ရှည် လူကြီးရဲ့သားတဲ့လား...တောက်စ်..

" သခင်လေး အမေက သခင်လေးငယ်ငယ်ကတည်းကဆုံးသွားခဲ့တာပါ...သခင်လေးက ချောလွန်းပြီး ယဥ်ကျေးသိမ်မွေ့တာကြောင့် တိုင်းပြည်တစ်ခွင် ကျော်ကြားပါတယ်... "

ဒါကတော့မဆန်းပါဘူးလေ...ကျွန်တော်က ဘယ်နေရာရောက်ရောက် ချောနေတာဆိုတော့ ဟိဟိ...

" သခင်လေးက ချောလွန်းတာကြောင့် တိုင်းပြည်တစ်ခွင်က မင်းသားမင်းသမီး များကလာရောက် ချစ်ခွင့်ပန်ကြပေမဲ့လည်း သခင်လေးက ဘယ်သူ့ကိုမှ လက်မခံ ခဲ့ပါဘူး...... "

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now