ကျွန်တော်လည်း အအေးဘူးကိုရေခဲသေတ္တာထဲပြန်ထည့်ကာ ကျွန်တော်အခန်းထဲ၀င်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်။ လက်ကိုနဖူးပေါ် တင်ကာ ကျွန်တော်စဥ်းစားမိသည်။
ကျွန်တော်လို မျောက်ကတောင်ဆရာခေါ်လောက်တဲ့ အထိဂနာမငြိမ်တဲ့ သူကို အဲ့လူကယူလိုက်ရင်တော့ သူ့အိမ်ပြာကြမှာပဲ..။ ကျွန်တော်က ရုပ်ချောသလောက် သေအောင် ပြဿနာရှာပြီး မွှေတာအဲ့လူမသိလောက်ဘူး ထင်တယ်...။

ဘာပဲဖြစ်ဖြစ်လေ...အဖေနဲ့အမေကိုလွန်ဆန်လို့မှမရတာကို..အဲ့လူနဲ့လက်ထပ်လိုက်ရုံပဲရှိတာပေါ့..ဟင်း....

သက်ပြင်းတစ်ချက်ကို ကောင်းကောင်းချကာ အိပ်စက်ချင်းဆီသို့...

~~~~~~~~~~~~~~~~~~~~~~

မဂ်လာဆောင်ရမယ့်နေ့ -

" မိန်းမရေ...သားထယ်ယောင်းရော... "

" အခန်းထဲမှာ ပြင်ဆင်နေတယ်မဟုတ်ဘူးလား... "

" ဘယ်ကသာ..ခုနသွားကြည့်တာမရှိပါဘူး... "

" ရှင်ကလဲဟုတ်လို့လား...ရှုပ်တယ် သွားကြည့်မယ်... "

လင်မယားနှစ်ယောက် အခန်းတံခါးဖွင့်လိုက်တော့မြင်လိုက်ရတာက မိတ်ကပ်ပြင်တဲ့ဆရာမကို...

" ဒီမှာရှင့်...သတိုးသားထယ်ယောင်းတွေ့မိသေးလား.. "

" ခုနက မိတ်ကပ်ပြင်နေတုန်း ခဏဆိုပြီးထွက်သွားတာပဲ အခုထိမရောက်သေးဘူးရှင့်.. "

မိတ်ကပ်ဆရာမရဲ့စကားကြောင့် မိဘနှစ်ယောက်မှာ ခေါင်းမီးလောင်သွားလျက်..။
ဒါဆို အခု Taehyungကဘယ်မှာလဲ..?

" တောက်!!... ဘယ်ရောက်သွားတာလဲကွာ..ငါအပြင်မှာသွားရှာလိုက်အုန်းမယ် မဂ်လာအချိန်က နီးနေပြီ.. "

" ယောကျာ်း ကျွန်မလည်းလိုက်ခဲ့မယ်.. "

လင်မယားနှစ်ယောက်လည်း တစ်ခုမဟုတ် တစ်ခုမွှေတတ်သော သားဖြစ်သူအကြောင်းကိုသိကာ ကားဖြင့် ဆိုလ်းတစ်မြို့လုံးအနှံ့ လိုက်ရှာရန် ထွက်သွားရှာပြီလေ...

~~~~~~~~~~~~~~~~~~~

" ဟင်း....ကောင်းလိုက်တဲ့ရှုခင်း.. "

ကျွန်တော် ဟန်မြစ်ဘေးက ခုံတန်းလေးပေါ်မှာထိုင်ပြီး ဟန်မြစ်ကြီးရဲ့ လှပတဲ့ရှူခင်းတွေကို တစ်၀ကြီးထိုင်ကြည့်နေမိသည်။
အခု ကျွန်တော် မဂ်လာဆောင်ခန်းမထဲကနေ ဘယ်သူမှမသိအောင် လစ်လာတာ..။ ကျွန်တော် လစ်လာတာကို ကျွန်တော့မိဘတွေ မသိသေးဘူးထင်တယ်..။ သိရင်တော့ မိုးမီးလောင်တာထက် ဆိုးမှာမြင်ယောင်သေးတယ်..။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now