Intro

30 1 0
                                    

"ကူးငယ်...မောင်အရမ်းလွမ်းနေခဲ့တာ"

"အခုကစပြီး ကူးငယ်လက်ကိုမဖြုတ်နဲ့တော့နော်"
.........................

"မောင်ကူးငယ်ကိုသိပ်ချစ်တယ် "

"ကူးငယ် မောင်နဲ့မခွဲနိုင်ဘူး"

သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးကြားကိိုဘယ်လို ကံကြမ္မာဆိုးတွေ ဝင်လာမှာလဲ
..........................

"ကူးငယ်မောင့်ကိုလက်ထပ်နိုင်မလား "

..........................

"ဒီမှာမောင်ပြောမယ် မောင့်ကူးငယ်လေး အတိတ်ကိုမှတ်မိဖို့အရမ်းမကြိုးစားနဲ့ အတိတ်ကအတိတ်ပဲကောင်းတဲ့မှတ်ဉာဏ်လေးတွေကိုပဲသိမ်းထားပြီး မောင်နဲ့ အနာဂတ်ကို ပျော်ပျော်ရွှင်ရွှင်​လေးတူတူရှိသွားရအောင်နော် "

မောင်ပြောတဲ့စကားတွေက ကူးအတွက် သံသယဖြစ်စရာမရှိပါဘူးမောင့်ကိုအပြည့်အဝယုံကြည်တယ်ဒါပေမယ့် ကူးရဲ့မှတ်ဉာဏ်ထဲမှာ တခုခုကို ချန်ရစ်ထားမိသလိုပဲ
......................

မောင်...တကယ်တော့ကူးငယ်က.....

......................
"မောင်..ဘယ်လိုဖြစ်လာတာလဲ တကိုယ်လုံးလည်း ညစ်ပတ်လို့ "

"ကူးငယ် ....မောင်မှားသွားတယ်..မောင်မှားခဲ့တယ် ကူးငယ်မောင့်ကိုခွင့်လွှတ်ပါ "

အခြေအနေတွေကိုနားမလည်နိုင်သေးပေမယ့်တုန်တုန်ရီရီနဲ့ ပြောနေတဲ့ မောင်ရဲ့စကားသံတွေကြောင့် ကူးရင်တွေနာလှပြီဘာတွေဖြစ်နေတာလဲမောင်ရယ် မေးလိုက်ချင်ပေမယ့် စကားလုံးတွေက ထွက်မလာ

"ဘာ..ဘာ..ဘာဖြစ်လို့လဲမောင်"

"မောင်မသိဘူး..မသိဘူး မောင်မသိတော့ဘူးကူးရယ် "

"မောင်ကူးကိုခနလွှတ်ပါအုံး ကူးကိုကြည့်ပြီးပြောပါ ဘာတွေဖြစ်နေတာလဲမောင်"

ဖက်ထားရာမှ လွှတ်စေပြီးမောင့်ကိုကြည့်တော့
"မောင်..မောင်ငိုနေတယ် "

........................
အဲ့နေ့ကစလို့ အေးစက်စက်အငွေ့အသက် တွေနဲ့ အရိပ်မည်းတစ်ခုကအမြဲလိုလိုခြောက်လန့်နေတယ် အေးစက်မှု့တွေက တနေ့ထက်တနေ့ပိုပိုဆိုးလာခဲ့တယ် ကျောရိုးထဲထိစိမ့်နေအောင် အရိပ်မည်း အဲ့ဒီအရိပ်မည်းက မျက်လုံးထောင့် အသေအချာပြောရရင် ညာဘက်မျက်လုံးထောင့်စွန်းကနေ မကြာမကြာမြင်ရတယ်  နေ့စဉ်ရက်ဆက်အိမ်မက်တွေထိပါနှောက်ယှက်လွန်းလို့ လူကပိန်လီနေပြီ တစ်ယောက်သောသူကိုလည်းအမြင်မကြည်တော့ ထင်ယောင်ထင်မှားတွေဖြစ်နေတဲ့ကိုယ်က အရူးတစ်ယောက်လိုပဲ
.............

"တောက်...တောက်...တောက်..."

တစ်စက်တစ်စက်နဲ့ကျနေတဲ့ ရေကျသံ
ရေချိုးခန်းတစ်ခုလုံးမှာ ရေနဲ့ အတူ လက်ကောက်ဝတ်မှာ  စီးကျလာတဲ့ရဲရဲတောက် သွေးတွေ ရေနဲ့ရောနှောပြီးတစ်စတစ်စနဲ့ စီးဆင်းနေတယ်...
..............
"ကူးငယ်ရဲ့ ဆံနွယ်တွေကိုမောင်အရမ်းမြတ်နိုးတယ် "

"မောင်က ဆံနွယ်တွေကိုကူးငယ်ထက်မြတ်နိုးတယ်ပေ့ါ"

"ဟောမောင့်အသဲကတော့ကွာ ကူးငယ်လေးရဲ့ ဆံနွယ်တွေကိုတောင် ဒီလောက်မြတ်နိုးနေရတဲ့မောင်က ကူးငယ်လေးကို ရူးလောက်အောင်မြတ်နိုးရတာမသိဘူးလား တကယ်တော့ ကူးငယ်ရဲ့ အရာအားလုံးကိုမောင်သဘောကျတယ် "

"မောင်ကအပြောကောင်းတယ်ဟီး ကူးငယ်ကလည်းမောင့်ကို မြတ်မြတ်နိုးနိုးနဲ့ရူးလောက်အောင်ချစ်တယ် "
.................
💗
❗️hello စာဖတ်သူတို့ရေ စာရေးသူဒီဇာတ်လမ်းလေးက horrorလေးမလို့ horror ကြိုက်တဲ့ Armyလေးတွေအတွက်လည်းအဆင်ပြေမယ်ထင်တယ် horrorဆိုပေမယ့်လည်း စာရေးသူရေးနေကြအတိုင်း တဖြေးဖြေးတနုန့်နုန့်နဲ့ဖတ်ရမယ့်ပုံစံလေးပါ ကြိုပြီး မှာချင်တာလေးလည်း ရှိပါတယ် taekook horror ကိုမှ bottom kookမလို့ မကြိုက်ရင်တော့မဖတ်နဲ့ပေါ့နော် idols image ကိုထိခိုက်လိုချင်မရှိပါ စာရေးသူရဲ့ စိတ်ကူးယဉ်သပ်သပ်ဇာတ်လမ်းဖြစ်တာကြောင့် အရမ်းကြီး seriously မဖြစ်ဖို့ပြောချင်ပါတယ် ပြီးတော့ စာရေးသူဒီဇာတ်လမ်းကိုရေး ဖို့အချိန်ဆွဲနေခဲ့တာ တော်တော်လေးကြာပါပြီ အခုတော့ ရေးဖို့အစချီလိုက်ပါပြီ ဖတ်မယ်ဆိုရင်တော့ Upပေးပါမယ် အဆုံးထိupနိုင်ဖို့ကတော့ readingလေးတွေ ဲ့ အပေါ်မူတည်တာပေါ့..😚

(စာရေးသူက အရေးအသားတွေသိပ်မကောင်းတာမလို့ နားလည်ပေးဖို့လည်းပြောချင်ပါတယ် ကြိုက်ရင်လည်းဖတ်ပေါ့ မကြိုက်လည်းဖတ်ပါနော် 🤭💗)

You've reached the end of published parts.

⏰ Last updated: Sep 10, 2023 ⏰

Add this story to your Library to get notified about new parts!

BLACK SOULWhere stories live. Discover now