" ကိုကိုတောင်းပန်ပါတယ် Jay အဲ့လို‌တွေမတွေးပါနဲ့ ကိုကို မင်းမရှိရင်တကယ်မနေနိုင်ဘူး ကိုကိုမင်းကို ချစ်တယ်လေနော် "

ကိုကိုဟာကလေးတစ်ယောက်ကိုအငိုတိတ်အောင် သူလိုချင်တဲ့မုန့်ကိုပေးပြီးချော့နေသလို၊

" ကိုကိုကျွန်တော့်ကို မချစ်ပါဘူး "

" ကျွန်တော်ထားသွားမှာကိုကြောက်တာမဟုတ်ဘူးကိုကို့အနားမှာဘယ်သူမှမရှိတော့မှာကို ကိုကိုကြောက်တာ "

" ကျွန်တော်မချစ်တော့မှာကို ကိုကိုကြောက်တာမဟုတ်ဘူး ကိုကို့ကိုချစ်တဲ့သူတစ်ယောက်မှ မရှိမှာကို ကိုကိုကြောက်နေတာ "

"ဘယ်သူမှ ကိုကို့အနားမှာမရှိတော့မှာ၊ဘယ်သူမှ ကိုကို့ကိုမချစ်တော့မှာကို ကိုကိုစိုးရိမ်နေတာ"

သူ့စကားတွေအောက်မှာ ကိုကိုဟာဘာမှမတုံ့ပြန်နိုင်၊ ကိုကို့ရဲ့မျက်ဝန်းတွေကမယုံကြည်နိုင်ဖြစ်နေတယ်ဆိုတာ သက်သေပြလို့နေသည်၊ ကျွန်တော့်ဘက်က ဒီလိုမျိုးပြောလာလိမ့်မည်လို့ ကိုကို မထင်ထားခဲ့ဘူးမလား၊

" Jay "

" ကိုကို ကျွန်တော့်ကို တကယ်မချစ်ဘူး "

"ကိုကို့အနားမှာ ကျွန်တော်ရှိမနေတော့မှာဆိုးလို့ကျွန်တော့်ကိုဆွဲထားချင်လို့အခုလိုမျိုးပြောတာမဟုတ်လား "

" မင်းမရှိရင်မနေနိုင်ဘူးလို့ပြောတာကို မင်းကငါလိမ်နေတယ်လို့ထင်လိုက်တာလား၊မင်းကိုချစ်တယ်လို့ပြောတာကိုရော အနားကထွက်မသွားစေချင်တာ တစ်ခုတည်းကြောင့်လို့တွေးတာလား ငါကမင်းစိတ်ထဲမှာ အဲ့လောက်တောင်ပဲလား Jay "

" ကျွန်တော်ပြောတာမဟုတ်လို့လား "

‌‌ကိုကိုဟာမခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်လို့နေပါ သည်၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကိုစော်ကားခံရရင် ဘယ်လိုမျိုးနာကျင်ရလဲဆိုတာကိုအခုတော့ကိုကိုသိပြီလား၊

ကျွန်တော်လည်း အဲ့ဒီလိုမျိုးနာကျင်ခဲ့တာ၊ ကျွန်တော့်ဘက်က စိတ်ရောခန္ဓာရော ပေးဆပ်ပြီးချစ်ခဲ့တာတောင်မှပြန်ရလာတာက ခါးသီးတဲ့စကား လုံးတွေ၊ စိတ်ကိုအနာတရရစေနိုင်တဲ့အရာတွေပါ

TOXIC Where stories live. Discover now