တအင့်အင့်ရှိုက်သံကလေးနဲ့ ရင်ခွင်ထဲခေါင်းထိုးအိပ်သွားမှဘဲ ကောင်းကင်သက်ပြင်းချနိုင်တော့တယ်

"သင်သင်းနဲ့ရာဇာဝင်လာခဲ့''

"ဒီမှာပါသခင်''

"နင်တို့မမလေးကို ကုတင်နဲ့လက်ရောခြေထောက်ရောတွဲချည်ထားလိုက်ခန လွတ်ထားရင် ရစရာရှိတော့မှာမဟုတ်ဘူး''

"ဟုတ်''

"သင်းသင်းအခုတလော ဘာမူမမှန်တာတွေဖြစ်လဲ အစားသောက်ကအစ''

"ဘာမှမရှိ အော်မေ့နေတာ ညညဆို ဟိုမိန်းမလာတိုက်တဲ့မိုင်လိုတွေသောက်နေတာ''

"ကြာပြီလား ''

"သခင်မလေးမွေးတည်းက''

"ရာဇာ အဲ့မိန်းမကိုဖမ်းထား သင်းသင်း ငါနဲ့သူ့အခန်းရှာရအောင် လာ''

နာရီဝက်ပင်မကြာ ရာဇာလက်ထဲ ယက်ကန်ယက်ကန်နဲ့ပါလာတဲ့မျက်နှာထားက သူ့ကိုပင်ပြန်ကြောက်ရမည့်ပုံစံ

စိတ်တွေကိုအတတ်နိုင်ဆုံးလျော့ထားပြီး အခန်းထဲဝင်ရှာနေကြတဲ့ သင်းသင်းနဲ့ အိမ်အကူကလေးတွေကိုသာစောင့်နေလိုက်တယ်

မကြာပါ အထုတ်တထုတ်နဲ့ထွက်လာကြတဲ့သူ့လူတွေကိုကြည့်ပြီး နှုတ်ခမ်းကလဲကွေးတက်အောင်ပြုံးလာခဲ့တယ်

"သခင် သင်း ဒီဟာဘဲတွေ့တယ် မသင်္ကါစရာ''

သင်းသင်း လက်ထဲကအထုတ်ကိုပြောင်းယူပြီး ဖြည်ကြည့်တော့
အဟွန်းတကယ်ဘဲကို

ဖြောင်းး
အရှေ့မှာထိုင်ခိုင်းထားတဲ့ ထိုမိန်းမကြီး၏ ပါးပြင်ကိုလည်ထွက်အောင်ရိုက်လိုက်မိသည်

ရုတ်တရက်မို့ အရိုက်ခံရသူရောဘေးကလူတွေပါကြောင်သွားတော့တယ်

"ပြောစမ်း မင်းဘာလုပ်ထားတာလဲ''

"အဟားဟား''

"ပြောစမ်း''

"အား''

ထရပ်ကာဆံပင်ကိုနောက်ပြန်လှန်ဆွဲလိုက်သည်မို့ ခံရမည့်သူမှာတကယ်မသက်သာနိုင်ပေ

"သင်းသင်းနဲ့ရာဇာ ''

"ဟုတ်သခင်''
"ရှိပါတယ်''

အချစ်ကြမ်းကြမ်းDonde viven las historias. Descúbrelo ahora