ဒါမှမဟုတ်....

(2)အဲ့ဒီကောင်လေးကို ကျန်းမာရေးအရ အားနည်းလာအောင်​​ပြုစား​ပြီး မှသူ့အိမ်ထောင်ရေးကိုပြိုကွဲစေချင်လား..
မင်းနှစ်ခုထဲကကြိုက်တာတစ်ခုရွေးပါ...

"ပထမအချက်ကိုဘဲရွေးပါမယ်ဆရာ"
ရှင်းရှင်းတွေဝေချင်းမရှိဘဲ နံပါတ်1ကိုရွေးလိုက်လေသည်။
သူဘာ​ကြောင့်နံပါတ်1ကိုရွေးရလည်းဆိုတော့ သူ့အနေနဲ့ဒုတိယအချက်ကိုရွေးလျှင်ဘာမှသိပ်​ပြီးအကျိုးမတက်​ရောက်ဘူးဟုထင်မိကာ နောက်တစ်ချက်အနေနှင့်ကတော့သူရှောင်းကျန့်ကိုစိတ်ရူပ်စေချင်​သောကြောင့်ဖြစ်သည်။

"တစ်ခုလောက်မေးလို့ရမလားဆရာ ဆရာပြောတဲ့ပထမအချက်ကိုရွေးမယ်ဆိုရင်ရှောင်းကျန့်ကဘယ်လို့ဖြစ်သွားမှာလည်းဆရာ"

"သူ့ကိုစိတ်ထွေသွားအောင်လုပ်မှာ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်သူ့ခေါင်းရှုပ်သွားလိမ့်မယ် ဒီအစီအရင်ကိုလုပ်မယ်ဆိုရင်သူ့စိတ်ကစပြီးပြောင်းလဲလာမယ် အရင်ကသူ့ရဲ့အမူအကျင့်ဟောင်းတွေနဲ့လုံးဝမသက်ဆိုင်တော့တဲ့အပြုအမူအသစ်တွေသူစလုပ်လာမယ် ဥပမာ-အရင်ကသူကအရက်တွေဘာတွေသောက်ရတာလုံးဝမကြိုက်တဲ့လူဆိုပါတော့ ငါတို့ဒီအစီအရင်လုပ်တာအောင်မြင်တာနဲ့သူအရက်တွေကြိုက်လာမယ်သောက်လာမယ်အဲ့ဒီလိုပြောင်းလဲခြင်းတွေဖြစ်ပေါ်လာပြီးတော့ နောက်ပိုင်းအခြေအနေကပိုးဆိုးလာပြီးစိတ်ညစ်စရာတွေဖြစ်ကုန်လိမ့်မယ်"

ရှင်းရှင်းတစ်ယောက်ကတော့ဆရာပြောတာတွေကြားပြီး နှုတ်ခမ်းကိုတစ်ဖက်တွန့်ကာပြုံးလိုက်မိလေသည်။ဒီလိုပုံစံကသူရှောင်းကျန့်ကိုဖြစ်စေချင်တာနဲ့တစ်ပုံစံထဲဖြစ်သည်။ ရှောင်းကျန့်ပုံစံ,စရိုက်​တွေပြောင်းလဲသွားပြီဆိုလျှင် ကိုကို​ရှောင်းကျန့်ကိုစိတ်ကုန်လာ​ပြီး သူမဘက်ကိုစိတ်ပြန်ယိမ်းလာနိုင်သည်မဟုတ်လား။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီအစဥ်မို့သူမ ကြိုက်မိလေသည်။

"ပထမအစီအရင်ဘဲလုပ်ကြတာပေါ့ဆရာ "

"ကောင်းပြီလေအစီအရင်စကြတာပေါ့ ဘယ်မှာလည်းမင်းဝယ်လာတဲ့ဖယောင်းတိုင်ပေး"

A chance to change the past (Complete)Where stories live. Discover now