ပုဝါပါးလေးစွန်းမှာဆိုး (၉)

Start from the beginning
                                    

"လယ်ထဲမှာမရှိရင်တောင် အပြင်မှာတော့ အကောင်
တွေကသွားလာနေကြမှာပဲလေ အပြင်မှာသွားလာရင်လဲ ဖိနပ်စီးကြဖို့ ကျွန်မကတိုက်တွန်းတာပါ "

"ဟုတ်ကဲ့ဆရာမလေး ကျုပ်တို့ နားထောင်ပါ့မယ်"

ဖိုးလုံးဘေးမှာ လူက လေးငါးယောက်လောက်ရှိနေ
သည်။ဆရာမလေးက လူနာနား သိပ်နီးနီးကပ်ကပ်
မနေကြဖို့ ပြောသည်။
ငယ်ထွေးက ဆရာမလေး သူ့ဘက်မျက်နှာလှည့်
လာသည်နှင့်

"ဟို...ထမင်းစားဖို့...ပြင်ထားပြီးပြီ"

စကားဖြူက ငယ်ထွေးကို ခေါင်းညိတ်ပြကာ
ရွာသားတွေဘက်သို့ လှည့်၍

"ကျွန်မ ထမင်းစား သွားလိုက်ဦးမယ်နော်
တစ်ခုခုဆိုရင် လာခေါ်ကြပါ"

"ဟုတ်ကဲ့ဆရာမလေး...ကြွပါကြွပါ..."

စကားဖြူထွက်သွားသည်နှင့် ဖိုးလုံးနား လူပြန်အုံ
လာပြန်သည်။
မတင်အေးက သူ့သားနားကပ်လာသည့် ရွာသား
တွေကို မောင်းထုတ်နေသည်။

"ဟဲ့...ဆရာမလေးပြောသွားတာ မကြားဖူးလား
ငါ့သားနားအရမ်းမကပ်ကြပါနဲ့ဟဲ့..နင်တို့က
ရေချိုးရသေးတာ မဟုတ်ဘူး ပိုးတွေမွှားတွေ
ငါ့သားဆီ ကူးကုန်မှဖြင့် "

"အောင်မလေးဗျာ...မတင်အေး
ခင်ဗျားလဲ ရေမချိုးရသေးတာချင်းအတူတူကို..
ကျုပ်တို့က ခင်ဗျားသားကိုစိတ်ပူလို့ လူနာလာမေး
တဲ့လူတွေပါဗျ.."

"နင်တို့က စိတ်ပူတာနည်းနည်း..စပ်စုချင်တာ
များများပါအေ...ကျုပ်မသိတာကျလို့.."

မတင်အေးက ဖိုးလုံးကို ခြင်မကိုက်အောင် ပုဆိုး
ပိုင်းဖြင့် ခြင်မောင်းရင်းမှ ခေါင်းတလှုပ်လှုပ်ဖြင့်
ပြန်ချေပသည်။
ဘဦးကတော့ သူ့မိန်းမလိုမဟုတ်ချေ။
လေပြေလေးနှင့်တောင်းဆိုသည်။

"မင်းတို့လဲ ကြားသားကွာ
ငါတို့က ငါတို့သားလေးကို စိတ်ပူလို့ပါကွ..
ဆရာမလေးစကားကိုနားထောင်ရ​မယ်လေ"

"အေးပါ..အေးပါ..."

ထိုအခါမှ ရွာသားတွေ နောက်သို့ ခြဲသွားကြသည်။

......

"ငယ်ထွေး..."

အသံခပ်အုပ်အုပ်ဖြင့် ခေါ်သံကြောင့် ငယ်ထွေး
နွားတွေကို လှည်းကနေဖြုတ်နေရာမှ လှည့်ကြည့်
လိုက်သည်။
သာအောင့်ကို သစ်ပင်အကွယ်ကနေ ကုတ်ချောင်း
ချောင်းဖြင့်ထွက်လာသည်ကိုတွေ့လိုက်ရသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now