ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..

Começar do início
                                    

"Happy Birthday ယူရီ ကိုယ် အလုပ်ကိစ္စလေး တစ်ချို့ရှိနေလို့ ဒီလတွေအတွင်း ခဏခဏမဆက်သွယ်မိတာရယ် အဲ့တာ အတွက်လည်း Sorry နော်"

"ရပါတယ် ကယူရယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းကအခုတို့ရှေ့ရောက်နေပြီပဲဟာကို အဲ့အကြွေးတွေအတွက် ဒီည အတူတူအဖော်လုပ်ပေးပေါ့ အပြတ်ကဲကြမယ်လေ"

"အမ်.. ညလုံးပေါက်တော့နေလို့မရလို့ရယ်"

"ဘာလဲ ဟိုကလေးကြောင့်လား ထားလိုက်စမ်းပါ ကယူရာ.."

"ဟူးး အိုခေဗျာ ဒီညတော့ တူတူနေပေးမယ်"

"လာ ဒီကို ဖုန်းပေးထား ဒီညအပြတ်ကဲမှာမလို့ ဖုန်းမယူထားနဲ့"

"ဒါပေမဲ့.."

"ပေးပါ"

ပြောလည်းရမှာမဟုတ်လို့ ကယူဗင်းလည်း "အင်း ရော့" ဟုဆိုကာ ဖုန်း ပေးလိုက်သည်။

~

ည၁၁နာရီခွဲ

ကိုကိုပြန်မလာသေးတာကြောင့် အခုထိယူဂျင်းထိုင်စောင့်နေခြင်းပင်..

တင်!

ဖုန်းတွင်ဝင်လာသော message ကိုကြည့်လိုက်တော့

"ယူဂျင်း *** ကိုလာခဲ့ ကိုကိုပြစရာရှိတယ်" တဲ့

message ကိုမြင်မြင်ချင်း ယူဂျင်းလည်းပျော်ကာ အင်္ကျီထူမြန်မြန်ဝတ်ကာ အမြန်ထွက်လာလိုက်သည်။

~

ယူဂျင်းရောက်တော့..

"ကို-"

ယူဂျင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် အရမ်းလန့်သွားသည်။

ကိုကိုပြချင်တာဒါလား

ယူရီဆိုတဲ့မိန်းမနဲ့ ကိုကိုနဲ့နမ်းနေတဲ့မြင်ကွင်းလေ..

ယူဂျင်း "ကိုကို" ဟုခေါ်သံလိုက်ကြားလိုက်လို့ထင်သည်။

ကိုကိုက ယူဂျင်းဘက်သို့လှည့်လာကာ

"ယူဂျင်း ကိုကိုရှင်းပြမယ်"

"ဟင့်အင်း မကြားချင်ဘူး ကိုကို ဘာလဲ ဒါလား ကိုကို ပြချင်တာက အင့်-"

"ကိုကိုရှင်း-"

ယူဂျင်း ကိုကို့စကားသံတွေကိုဆက်နားမထောင်နိုင်တော့ပါ။

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Onde histórias criam vida. Descubra agora