A simple married life..💒

590 60 18
                                    

London....

မနက်စောစောတွင်မြူတွေဟာအုံ့ဆိုင်း နေသည်မို့အပြင်ဘက်ကိုခပ်ရေးရေးလေးသာမြင်ရသည်...ဆောင်းဦးဝင်ခါစဖြစ်သောကြောင့် အိမ်အပြင်ဘက်တွင်နှင်း‌လေး‌များဟာခပ်ဖွဲဖွဲကျနေသည်...မကြာခင်ဆောင်းတွင်းကိုတောင်ရောက်တော့မည်.....ပြတင်းပေါက်မှန်မှတဆင့်အပြင်ဘက်သို့ငေးကြည့်ရင်း ရောက်တက်ရာရာတွေးနေမိသည်~

"Fourth~"

ခါးကိုတင်းကျပ်အောင်ဆွဲဖက်လာသည့်သက်ဆိုင်သူတစ်ဦးကြောင့် သဘောကျစွာပင်ပြုံးလိုက်မိသည်....ခါးကိုဖက်ထားသောခပ်နွေးနွေးလက်တစ်စုံအား သူ့လက်ဖြင့်ထပ်မံအုပ်ကိုင်လိုက်ရင်း....

"နိုးလာပြီပေါ့...ဗိုက်ဆာနေပြီလား Gem"

သူ့စကားကိုကြားတော့*အင်း*ဟူသည့်အဖြေလေးနှင့်အတူသူ့ပခုံးပေါ်သို့ခေါင်းမှီတင်လာသည်...

"ဆောင်းရာသီကိုသဘောကျတာလား?"

သူ့ပခုံးပေါ်တွင်မျက်နှာလေးအပ်ရင်း ဆိုလာသည့်စွဲမက်စရာအသံ‌ပိုင်ရှင်ဟာ တစ်ခြားသူရယ်တော့မဟုတ်....ဒါဟာသူ့ရဲ့ငယ်သူငယ်ချင်းကနေ နှလုံးသားသက်ဆိုင်သူဖြစ်လာခဲ့ရတဲ့ တစ်ဦးတည်းသောဘဝလက်တွဲဖော် Gemini Norawit Titicharoenrak~

"အင်း..ငါကဆောင်းရာသီကိုသဘောကျတယ်..ဒါပေမဲ့မင်းကိုပိုသဘောကျတယ်!"

သူ့အပြောကြောင့်Gemဟာသူပုံစံလေးအတိုင်းရှက်သွားသည်...

"မင်းလေးကတော့...အရင်အတိုင်းဘဲအရမ်း ဖလစ်တာနော်!"

ထိုစကားသံကိုကြားမိတော့သူသဘောကျစွာမျက်လုံးလေးများမှိတ်သွားသည်အထိရီမိသည်...

"မင်းကတော့ အရင်ကထက်ပိုပြီးလက်ရဲဇက်ရဲရှိလာတယ် Gem"

"ဒါကို ကိုယ်မင်းအပေါ်အချစ်တွေတိုးပြီးရင်းတိုးလာတာလို့မှတ်ယူလိုက်ပါ Tirak"

သူ၏ဂုတ်ပိုးအားညင်သာစွာနမ်းရှိုက်ရင်းဆိုလာသည့်Gemကြောင့် လူကအရှက်ပိုရပြန်ပါသည်....

"ဖယ်တော့ ဗိုက်ဆာနေတယ်မို့လား ငါပြင်ပေးမယ်"

မထိတထီကျီစယ်နေသောချစ်ရသူဆီမှရုန်းထွက်ကာ မီးဖိုခန်းဆီသို့လျှောက်လာခဲ့သည်...အနောက်ဘက်မှထပ်ကြပ်မကွာလိုက်လာသည့်ခြေသံကြောင့်ပြုံးမိပါသေးသည်....Gemကအမြဲတမ်းငါ့ကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်တယ်~

Lord of my heart ★Where stories live. Discover now