ပျိုးပုံမှန် ရုံးသွားလျှင် Shirtကို နက်ကတိုင်နဲ့တွဲဝတ်နေကျပေမယ့် ဒီမနက်ကတော့ လည်ထောင်
အပိတ် ဆွဲသားအနက်ရောင်အင်္ကျီလက်ရှည်ကို အပေါ်ကုတ်အနက်ရောင်ဖြင့် တွဲဝတ်ထားကာ Pantကလဲ အနက်ပဲ ဖြစ်နေတာမို့ တစ်ကိုယ်လုံး နက်စွေးနေတာကြောင့် အသားအရည်ဖြူဖြူကြည်ကြည်မှာ ပို၍ပင် ဖြူဖွေးနေသည်။

ဒီလို လည်ပင်းဖုံးအောင် ဝတ်ရတဲ့ တရားခံကလဲ ဘေးကတစ်ယောက်ပါပဲပေါ့။
ဆံပင်အပေါ်လွှာကို စပရင်ကွင်းဖြင့် စည်းထားကာ နှာဖူးစပ်က ဆံပင်အနည်းငယ်ကိုတော့ရှေ့မှာချထားသည့် သူက Jean ပျော့Shirt လက်ရှည်ကို ရင်ဘက်ကြယ်သီး ဟထားပြီး လက်ကို တံတောင်ဆစ်ခေါက်တင်ထားသည်။ပြီးတော့ Jeanpantအနက်ကို ခါးပတ်အနက်ဖြင့်ဝတ်ဆင်ထားသည်။

ပျိုးကမှ တစ်ခါတစ်လေ Accessories ဆိုလျှင် လည်ဆွဲခပ်မျှင်မျှင်၊ bracelet တို့ လက်စွပ်တို့ကို ကို ပွဲတွေဘာတွေတက်လျှင် ဝတ်ဆင်တတ်​သေးသည် ။အခုကတော့ သူနဲ့လက်ထပ်တဲ့နေ့ကစ သူစွပ်ပေးထားတဲ့ ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်နဲ့ လက်မမှာ လဲ ထိုနည်းတူ သူစွပ်ပေးသည့် လက်စွပ်ကိုစွပ်ထားသည်။
မင်းညီလာမောင်တစ်ယောင် ကတော့ အဲ့လိုတစ်ခုမှ ဝတ်တာဘာညာမတွေ့ လက်မှာသာ သူနှင့်လိုက်ဖက်သည့် တန်ဖိုးကြီးနာရီတွေကိုသာ ဝတ်ဆင်တတ်သည်။ဘယ်ဘက်လက်သန်းကြွယ်မှာတော့  ... ။

"စားလို့မကောင်းဘူးလား... "

တို့ခနဲ၊ ဆိတ် ခနဲသာ လုပ်နေပြီး မနက်စာကိုရေရေရာရာ မစားသည့်သူ့ကို ကြည့်ရင်းမေးလိုက်၏။
ပျိုး သူ့ကိုကြည့်နေတာကြာပြီ အရေးအကြီးဆုံး ဖြစ်တဲ့ မနက်စာကိုမှလေ သူက တစ်ခါမှ မယ်မယ်ရရစားတယ်ဆိုတာ မတွေ့။

"ဟို... မောင်...."

ပျိုး ကသူ့ဆီက အဖြေကို မျှော်လင့်စွာစောင့်နေ၏။မေမေကလဲ ထိုနည်းတူစွာပင်။

မင်းညီလာမောင်က ဘာဖြေရမှန်းမသိ မေမေ့ကိုကြည့်လိုက် ပျိုးကိုကြည့်လိုက်နှင့် ဖြေဖို့ခက်ခဲနေသယောင် ။
ဒီလို မနက်စာတွေကို မစားတတ်လို့ပါလို့ပြောလိုက်ဖို့ကို အားနာနေမိသည်။ ကိုယ်ကပြောလိုက်ပြန်ရင်လည်း သူတို့က ပြန်အားနာနေအုံးမည်။

A year of love(U/Z)Where stories live. Discover now