ချစ်မိတာအပြစ်လားဟင်?

Start from the beginning
                                    

"ဘယ်သူလဲမသိဘူးသွားကြည့်အုံးမှ"

"အန်တီ"

     ဂျူဂျူထိတလန့်ကာ ခြံဝတွင်ရပ်ကြည့်နေခဲ့သည်

"မင်းဘာရပ်ကြည့်နေတာလည်းခလေးမ ငါ့သားအိမ်ငါလာတာဘာဖြစ်လို့လဲ"

"မ မ မဟုတ်ပါဘူးအန်တီအထင်မလွဲပါနဲ့ ဧည့်ခန်းထဲကြွပါနော်"

"ငါ့သားရော?"

"ဦးငယ် အယ်မှားလို့ အန်တီ့သားနေမကောင်းလို့အိပ်နေပါတယ်"

"ဟင့် မင်းနဲ့ငါ့သားဘယ်လိုပတ်သက်မှုရှိလည်း awwမေ့လို့ငါမေးစရာတောင်မလိုဘူးထင်ပါရဲ့ မင်းငါ့သားကိုမြူဆွယ်ထားတာမလား"

"မဟုတ်ပါဘူးအန်တီရယ် အထင်မလွဲပါနဲ့"

"အို ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့သည်းလိုktvမှာလုပ်ခဲ့ဖူးတဲ့မိန်းခလေးနဲ့ ငါသားကိုမပေးစားနိုင်ဘူးညည်းဒိအိမ်ပေါ်ကဆင်းသွား  ရော့သိန်း၁၀၀ အဲ့ပိုက်ဆံတွေယူပြီးငါ့သားရှေ့ပေါ်မလာနဲ့"

"အန်တီရယ် သမီထွက်သွားပေးပါ့မယ် ဒါမဲ့ဒိပိုက်ဆံတွေတော့မယူပါရစေနဲ့ သမီးထွက်သွားပေးပါမယ်အန်တီ"
  ဂျူဂျူ သည်းမခံနိုင်စွာနာကျည်းစွာ နောက်ဆုံးမာနလေးနဲ့ထိန်းထားတဲ့မျက်ရည်တွေတားမရစီးမရကျကာ ထိုအိမ်နဲ့အဝေးဆုံးအရပ်ကိုပြေးထွက်သွားခဲ့လေသည်
အာကာတစ်ယောက် အိပ်ရာမှမနည်းအားယူကာ ထလာခဲ့တယ် နိုးနိုးခြင်းဂျူဂျူ  ကိုလိုက်ရှာနေခဲ့တယ်

"ဂျူဂျူ ...ဂျူဂျူရေ   ဟော  ..ဒိခလေးမဘယ်များသွားနေပါလိမ့် မနေ့ညကငါနေမကောင်းတာပြုစုရင်းပင်းပန်းလို့အနားယူနေတာနေမှာ သူ့အခန်းထဲသွားရှာအုံးမယ်"

     သို့သော်အပေါ်ထပ်တွင်    ဂျူဂျူကိုရှာလို့မတွေ့တာကြောင့်အောက်ထပ်ဆင်းလာကာ ရှာရင်း  ဧည့်ခန်းထဲတွင်
တွေ့လိုက်ရသည်က

"အမေ"

      အာကာ့တစ်ယောက်သူ့အမေကိုတွေ့လိုက်ရသောကြောင့်
ထိတ်လန့်ကာရပ်ကြည့်နေခဲ့တယ်

"ဟုတ်တယ်သား အမေလေ"

"ဟို ဟို အမေကဘယ်တုန်းကရောက်နေတာလဲဗျ"

"ဒိလိုပါပဲသားရယ် ကိုယ့်သားရှေ့ရေးပိတ်ပင်မဲ့အရာတွေကိုတားဖို့မာမီလာခဲ့တာ"

"ဗျာ!  အဆိုဂျူဂျူကိုအမေမောင်းထုတ်လိုက်တာလား?"

"ဟုတ်တယ်သား အမေဂျူဂျူကိုသနားတယ်ဆိုတာမှန်ပါတယ် ဒါမဲ့ကိုယ့်ချွေးမအဖြစ်တော့  အမေလက်မခံနိုင်ဘူးသား"

"ဟာဗျာ...  အမေ ...အမေအဲ့လောက်ထိလုပ်လိမ့်မယ်လို့မထင်ထားဘူးအမေရဲ့  သား က.... သားကသူ့ကိုတစ်ကယ်ချစ်တာပါအမေရယ်"
      ဒေါဇာနီလင်းတစ်ယောက် သူ့သား​စကားပြောရင်းငိုနေတာတွေ့တော့စိတ်မကောင်းပေမဲ့ တားသင့်တာတားရမယ်ဟုစိတ်ထဲတွင်ရေရွှတ်ရင်း

"သား မင်းငိုနေစရာမလိုဘူး ငါ့သား ဂျူဂျူဘယ်လိုနေရာမှာအလုပ်လုပ်ခဲ့လည်းမင်းသိတယ်နော် သူ့လိုအပျက်မနဲ့ငါ့သားကိုတော့မပေးစားနိုင်ဘူး"

"သူ့ဖြူစင်တာကျွန်တော်သိတယ်အမေ သူ့ကိုပဲသားချစ်တာအမေရဲ့ ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကိုလည်း   ကျွန်တော်ထည့် တွက်နေမဲ့ကောင်မဟုတ်ဘူး  ကျွန်တော်က သူ့ကိုဟောဒိရင်ဘတ်ကြီးတစ်ခုလုံး နဲ့ရင်းပြီချစ်တာ မြတ်နိုးတာ ...    အမေသိရဲ့လား သူကကျွန်တော်အတွက်အရာရာပါအမေ တကယ်လို့သားကိုသူနဲ့သဘောမတူဘူး ဆိုလည်း
အမွှေဖျတ်စွန့်လွှတ်လိုက်ပါအမေ ကျွန်တော်ကျေနပ်စွာလက်ခံပါ့မယ် "

"ဘာ!  မင်း မင်း ဒိအမေရဲ့စေတနာတွေကိုစော်ကားနေသလား? "

"အမေထင်ချင်သလိုထင်နိုင်ပါတယ် အမေ သားသူ့ကိုသွားရှာလိုက်အုံးမယ် "

      အာကာတစ်ယောက် ဂျူဂျူကိူရှာရန်ကားသော့ကိုယူပြီးအလောတကြီးမောင်းထွက်လာခဲ့တော့သည်။သူ့ရင်ထဲမှဗလောင်ဆူနေကာ ဂျူဂျူကိုစိုရမ်စိတ်တွေအပြည့်နဲ့လိုက်ရှာနေခဲ့တယ်

"ဂျူဂျူ ရာအကို့အမှားပါ အကိုမင်းကိုမကာကွယ်ပေးနိုက်ခဲ့ဘူး"
  ဟုရေရွှတ်ရင်း မျက်ရည်များစီးကျကာ အသည်းအသန်လိုက်ရှာနေတော့သည်။

🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎

 part10 End
Part 11မျှော်
ရွှန်းလဲ့စာတင်တာနောက်ကျသွားလို့တောင်းပန်ပါတယ်နော်
ချစ်သောစာဖတ်ပရိတ်သတ်တို့ရေ🙆🙆
ဒိထက်ပိုကောင်းအောင်ရေးနိုင်အောင်ကြိုးစားသွားပါ့မယ်ရှင့်

       

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

"အကြင်နာမျက်ဝန်း"Where stories live. Discover now