"ဘာမှမဖြစ်ပါဘူး ရှောင်းကျန့်ခင်ဗျားအတွေးလွန်သွားလို့ပါ သူကအသီးလှီးဖို့ဓားဝင်ယူတာပါ"

"ဟုတ်တယ်ပါပါး သားစားချင်တယ်ဆိုလို့ဦးဦးကျန်းချန်က အသီးသွားယူပေးတာပါ ဒါနဲ့ပါပါးကဘာလို့ဦးဦးကျန်းချန်ကိုကြောက်နေတာလည်းဟင်"
ဝမ်ကျန့်လေးကရှောင်းကျန့်ကိုမေးလေသည်။

"ပါပါးမကြောက်ပါဘူးသားရဲ့လန့်သွားလို့ပါ သားအိပ်တော့လေ"

"ဟုတ်တယ်ဝမ်ကျန့်အိပ်တော့ မိုးချုပ်နေပြီ"
ရိပေါ်ကပါဝမ်ကျန့်လေးအိပ်ဖို့ဝင်ပြောလေသည်။

ဒီလိုနှင့်ဝမ်ကျန့်လေးလည်း အိပ်ပျော်ဖို့ကြိုးစားလိုက်တာ ခဏကြာတော့ သူ့ပါးပါနဲ့ဒယ်ဒီရဲ့ကြားမှာဘဲအိပ်ပျော်သွားလေသည်။

ကလေးနှစ်နှစ်​ခြိုက်ခြိုက် အိပ်ပျော်တာလုံးဝသေချာပြီဆိုကာမှ ရိပေါ်ကလေးကိုမနိုးအောင်ဖြေးဖြေးလေးပွေ့ချီကာ သူ့နေရာမှာဝမ်ကျန့်လေးကိုအိပ်ခိုင်းလိုက်ပြီး သူကရှောင်းကျန့်ဘေးကိုဝင်လှဲလေသည်။
အခုလိုအနေအထားဆိုရင် သူက သားနဲ့ရှောင်းကျန့်ရဲ့အလယ်မှာအိပ်နေတာဖြစ်သည်။

"ကလေးအိပ်နေတာကို ဘာလို့နေရာရွှေ့လိုက်တာလည်းရိပေါ် ကလေးနိုးသွားအုံးမယ်"

"မနိုးပါဘူးဗျာ...သားဒီလောက်အိပ်ပျော်နေတာ"

"ဘယ်လိုဘဲဖြစ်ဖြစ်လေ ဘာလို့ကလေးကိုနေရာရွှေ့လိုက်ရတာလည်း"

"အင်းး....ဘာလို့လည်းဆိုတော့...ကျွန်တော်အမျိုးသားကိုဖက်အိပ်ချင်လို့လေဗျာ"
ရိပေါ်ကပါးစပ်ကလည်းပြောရင်း ရှောင်းကျန့်ကိုလည်း သူ့ရင်ခွင်ထဲမှာ ထည့်ကာအတင်းဖက်လေသည်။

"အင့်! ရိပေါ်လွှတ်အုံး ကလေးနိုးသွားအုံးမယ်"

"ခင်ဗျားအသံမကျယ်ရင် ကလေးနိုးစရာအကြောင်းမရှိဘူးကျွန်တော့်အမျိုးသားလေးရဲ့ တိတ်တိတ်လေးနေ..."

"အင့်! ရိပေါ်ဖက်ထားတာနဲနဲလျှော့ပေးအုံး ငါနေရခက်တယ်"

ရိပေါ်လည်းသူဖက်ထားတာအရမ်းတင်းလွန်းတာကြောင့်ဖက်အားကိုနဲနဲလျှော့ပေးလိုက်လေသည်။
"ကျွန်တော့်မျက်လုံးကိုကြည့် ရှောင်းကျန့်"

A chance to change the past (Complete)Where stories live. Discover now