အပိုင်း ၅

Beginne am Anfang
                                    

အားလုံးထွက်သွားတော့ ခန့်ကို‌ တစ်ယောက် MacBook နဲ့ သူစဉ်းစားထားတဲ့ condo design အကြမ်းကို စဆွဲသည်။ ဆွဲရင်း ဆွဲရင်းနှင့် ည၈နာရီကျော်သွားတော့ပုံကြမ်းတစ်၀က်နီးပါးပြီးသွားသည်။  ခဏနားကာ သူ့ပါးပါးရုံးခန်း၌သာရေချိုးလိုက်ပြီး ကိုလင်းသစ်နော်လာပို့ထားသော ညစာကိုစားလိုက်သည်။ ထို့နောက် မိနစ်ပိုင်းမျှသာနားပြီး ကျန်ရှိနေသော ပုံကြမ်းကိုဆက်လက်ဆွဲသည်။ MacBook တွင် ပုံကြမ်းရေးဆွဲနေသည့် ခန့်ကို၏ ပုံစံမှာ တစ်မျိုးခန့်ညားနေသည်။  skate ကွင်းထဲမှာ မြင်နေကြလူငယ်ပုံစံနှင့်မတူဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်နအသွင်။ ည၁၂နာရီနီးပါးရောက်တော့ ခန့်ကိုတစ်ယောက် ပုံကြမ်းအကုန် ပြီးစီးသွားကာ ထိုခါမှပဲ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ဆိုဖာပေါ်တွင် လှဲကာ သူ၏ဖုန်းကိုဖွင့်ကြည့်လိုက်တော့ သူ၏ မမစိမ်း ဆီမှာ message တစ်ချို့နှင့် ph call တစ်ချို့ message တွေအရ တော့ အတော်စိတ်ပူနေပုံရသည်။ (ခန့်ကို မင်းအိမ်ပြန်ရောက်ရဲ့လား) ၊(မင်းဘယ်မှာလဲ ၊ message တွေရင် တို့ကိုဖုန်းဆက်ပါ) ...

ခန့်ကိုလည်း new feed တစ်ချက်ကြည့်လိုက်တော့ " နမည်ကြီး skater တစ်ယောက် ဓားထိုးကာလုပ်ကြံခံရခြင်း " ဆိုသော captions နဲ့ တွေ့တော့ စိမ်း ဘာကြောင့် message ပို့လည်းရိပ်မိကာ ညည့်နက်နေသည်ကိုတောင်ဂရုမစိုက်တော့ပဲ ချက်ချင်းပင် ဖုန်းဆက်တော့
စိမ်းမှာလည်း ဖုန်းကို စောင့်နေသူ ဆိုတော့ ချက်ချင်းပင်ကိုင်လိုက်သည်။ခန့်ကို က "ဟယ်လို မမစိမ်း ဘာဖြစ်လို့လဲဟင် " စိမ်းလည်းအနည်းငယ်တော့ဒေါသလေးထွက်သွားသည် စိတ်ပူနေတာသိရက်နဲ့ "မင်းဘယ်တွေရောက်နေလို့ ငါ့ကိုတောင်ဖုန်းပြန်မဆက်အားတာလည်း။ တို့ဘယ်လောက်စိတ်ပူနေလည်းမင်းသိလား "ဟု ဂရုဏာဒေါသသံလေးနှင့် ပြောတော့ "ကျွန်တော် ပါးပါးရုံးခန်းထဲတစ်နေ့လုံးအလုပ်လုပ်နေတာပါ မမရဲ့။ကျွန်တော် ဘာမှမဖြစ်ပါဘူး ။ စိတ်မပူနဲ့တော့နော်။စိတ်လည်းမဆိုးပါနဲ့ ကျွန်တော်တကယ် အလုပ်များနေလို့ပါ "ဟုဆိုတော့ စိမ်းဘက်က အသံပြန်ထွက်မလာပေ။" ဒါနဲ့မမ ကျွန်တော့်ကိုဘာလို့စိတ်ပူတာလည်း" ဟုဆိုတော့ "မသိဘူး ။ တို့မင်းကိုစိတ်ဆိုးတယ် ။စိတ်လည်းပျက်တယ် တို့ကိုအရေးမထားသလိုခံစားရတယ် ။ဒါပဲ တို့အိပ်ပြီးဟုဆိုကာ ဖုန်းချသွားသည်။
ခန့်ကိုလည်းမနက်ရောက်မှပဲချော့တော့မည်ဟုဆိုကာ အိမ်သို့ ပြန်လာကာ အနားယူအိပ်စက်လိုက်သည်။

စိမ်းWo Geschichten leben. Entdecke jetzt