ကျန်းချန်ကတော့ ဘာမှမပြောဘဲ သူ့ရှေ့ကနှစ်ယောက်ရဲ့အခြေအနေကိုအကဲခတ်နေလေသည်။ ရိပေါ်ကသူနဲ့ပေါင်းခဲ့စဥ်တုန်းက အဖြောင့်ကြီး ​ပါ အခုဘယ်လိုဖြစ်ပြီးဂေးသွားလည်းသူစဥ်းစားလို့မရပေ......

ရှောင်းကျန့်ဟင်းချက်ဖို့အနောက်ထဲလည်းဝင်သွားရော ကျန်းချန်ကမေးချင်တာတွေကိုရိပေါ်ကိုဇွတ်မေးလေတော့သည်။

"ရိပေါ် ငါမရှိတဲ့အတောအတွင်းဘာတွေဘယ်လိုဖြစ်ကုန်တာလည်း"
"မင်းကမိန်းမမရဘဲ ဘယ်လိုလုပ်ယော်ကျားရသွားတာလည်း ပြောအုံး"
"​ပြီး​တော့ ခုနကမင်းရဲ့သားကကော ဘယ်လိုလုပ်ပြီး"

"ဟိုးထား ဟိုးထား ဖြေးဖြေးမေးပါကျန်းချန််ရယ် မောနေပါအုံးမယ် အအေးအရင်သောက်လိုက်အုံး"
ပြောပြီးရိပေါ်က အအေးခွက်ကိုကျန်းချန်လက်ထဲထည့်ပေးလေသည်။

"မင်း ငါမေးတာတွေဖြေအုံးရိပေါ်"

"အေးပါ အေးပါဖြေပါ့မယ်"
ပြောပြီး ရိပေါ်ကအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာအကျဥ်းချုပ်ကို ကျန်းချန်ကိုပြန်ပြောပြလေသည်။

"မင်းတကယ်ပြောနေတာလား ရိပေါ်"

"ငါ့ရုပ်ကလိမ်နေတဲ့ပုံပေါ်လို့လားကွ"

"ဒါဆိုငါတစ်ခုမေးလို့ရမလား"

"မေး "

"မင်းနဲ့ရှောင်းကျန့်လက်ထက်ခဲ့ရတုန်းကမင်းသဘောဆန္ဒမပါခဲ့ဘူးမိဘတွေအတင်းစီစဥ်လိုက်လို့တာဖြစ်သွားရတာလို့ပြောတယ်နော် ဒါဆိုမင်းသူ့ကိုချစ်​ကောချစ်ရဲ့လား"

"အဲ့အတွက်မင်းစိတ်ပူစရာမလိုဘူး ကျန်းချန် ငါသူ့ကိုချစ်တယ် သူလည်းငါ့ကိုချစ်တယ် ငါတို့အိမ်ထောင်ရေးကလည်းအဆင်ပြေတယ်မင်းဘာထပ်သိချင်သေးလည်း"

"အေး အေးပါကွာ မဟုတ်ပါဘူးမင်းကလည်းငါကဒီအတိုင်းသဘောရိုးနဲ့မေးကြည့်တာပါ"

"အေး ငါလည်းသဘောရိုးနဲ့ဘဲပြောပြတာပါ"

"မင်းရဲ့သဘောရိုးကလည်း ယောကျာ်းကိုသဝန်တို​နေတာသိတာလိုက်တာကွာ စိတ်ချပါသူငယ်ချင်းယောကျာ်းကိုတော့ငါရှောင်ပါတယ်ကွာ ခုနကပြောမိတာလည်းဆောတီး ဗွေမယူနဲ့"

A chance to change the past (Complete)Donde viven las historias. Descúbrelo ahora