"နင်လို ကောင်မျိုးကို မွေးထားရတာမတန်ဘူး မွေးလာထဲက အသေမွေးလာရမှာ"မိခင်ဖြစ်သူစကားကြောင့် fourth ရဲ့အနက်ရှိုင်းဆုံးတစ်နေရာတွင် ဆစ်ကနဲနာကျင်သွားမိသည်။fourth ပြောပြီးပြီဆိုတော့  gemမိဘတွေဆီသွားရအုံးမည်။

"ကျွန်တော် အဲ့ဒီကိစ္စလာပြောတာပါ ပြောပြီးသွားပြီမို့ ခွင့်ပြုပါအုံး အဖေနဲ့အမေ"

Fourthတစ်ယောက်မိဘတွေအားဆက်နှုတ်ပြီ gemမိဘအိမ်အား မောင်းလာခဲ့သည်။gemမိဘအိမ်ရောက်တော့ အိမ်ထဲတွင် gemအမေသာတွေ့ရသည်။

"မင်းတို့ အိမ်ဘာလာလုပ်တာလဲ fourth"

"5လ 5လပါဘဲ အန်တီအဲ့5လ ပြည့်လို့ gemက ကျွန်တော်ကိုမချစ်ဘူးဆိုရင် ကျွန်တော်ထွက်သွားပေးပါ့မယ် ဒီ5လမပြည့်ခင် အချိန်လေးမှာတော့ gemကို အရင်လို သားအဖြစ်နဲ့ပြန်ခေါ်ပေးပါ အန်တီ"

Fourth စကားကြောင့် အန်တီတစ်ချက်တွေးဝေသွားသည် ခနကြာတော့

"ကောင်းပြီးလေဒါဆိုဒီကိစ္စကိုငါတို့သဘောတူတယ်လို့သဘောထားလိုက်fourth"

"ဟုတ်ကဲ့ပါ အန်တီ ဒါဆိုသွားခွင့်ပြုပါအုံး"fourthထရပ်ပြီး ပြန်မယ်အလုပ် အိမ်ပေါ်က ဆင်းလာသော gemအဖေနဲ့အကိုဖြစ်သူ Pond naravit

Fourth လှပစွာပြုံးပြီး gemအဖေနဲ့P'pondအားနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အန်ကယ်နဲ့ P'pond မတွေ့ရတာတောင်ကြာပြီးနော် P'pond"

Pondတစ်ယောက် fourthကိုတွေ့တိုင်း အားနားမိသည်။သူ့ကြောင့်နဲ့ ဒီကောင်လေးအများကြီး နာကျင်နေရတာ"

"ဒါဆို ကျွန်တော်ကို ခွင့်ပြုပါအုံးနော်"fourthလဲ အဲ့ဒီနေရာတွင်ကြာကြာဆက်မနေနိုင် ဘာလို့လဲဆို P'pondကိုတွေ့တိုင်း သူရဲ့တစ်ဦးတည်းသောအကို Phuwinအားအရမ်းလွမ်းမိတာကြောင့်။

"P'Phuwin အခုအကိုဘယ်တွေရောက်နေတာလဲဟင် အကိုက ကျွန်တော်စိတ်ချလက်ချထားခဲ့ပြီး အဝေးတစ်နေရာမှာပျော်နေတာလား"

Fourthမျက်ရည်တွေကြောင့်အမြင်အာရုံတွေပါဝေးဝါးလာသည်အထိငိုချပြစ်လိုက်သည်။ငိုလို့ဝမှ အိမ်ကိုပြန်လာခဲ့သည် အိမ်ပြန်ရောက်တော့ gemပြန်ရောက်နေပြီ။

အချစ်ကို ကျော်လွန်၍Where stories live. Discover now