ကုဟွိုက်က ခေါင်းညိတ်ပြလိုက်မှ အနည်းငယ်တင်းကျပ်နေသောအဆင့်မြင့်ဇက်၏မျက်ဆံများက တမဟုတ်ချင်း စိတ်သက်သာသွားသည့်အခြေအနေကိုပြန်လည်ရောက်ရှိသွားသည်။ ဒေါင်လိုက်ပယင်းရောင်မျက်ဆံအိမ်အတွင်း အလင်းတစ်စပေါ်လာကာ အမှောင်ထုအတွင်း ကြယ်တစ်စင်းကြေကျသွားပုံနှင့်တူပြီး ဖျတ်ကနဲလင်းလက်သွားသောအလင်းရောင်က မကြာရှည်သည့်တိုင် အလင်းစလေးကား ဆက်ရှိနေဆဲ။

ဘုရင်က သူတို့ပို့ပေးလာသောအဝတ်အစားများကို နှစ်သက်လေရာလီအိုသည် တုံ့ပြန်မှုကိုရသည်နှင့်အခန်းထဲမှ မြောက်ကြွကြွထွက်သွားတော့၏။ သူလှေကားအောက်ရောက်သည်နှင့် စစ်ဌာနချုပ်၏အစည်းအဝေးခန်းကိုဖုန်းခေါ်ပြီး ဇာတ်ကြောင်းကိုဖောက်သည်ချလေသည်။

"အရှင်ကကြိုက်တယ်တဲ့...နောက်တခါကျရင် အရှင့်ကိုတွေ့ဖို့ကငါ့အလှည့်ပဲ.."

"ပူဘာနိုသစ်ပင်က သစ်ရည်တွေ အသင့်ဖြစ်ပြီ..အရှင်ကဘယ်အချိန်စားချင်တယ်လို့ပြောလဲ.."

"မြေအောက်ခန်းထဲမှာပဲနေပြီး အရှင်ထွက်လာတဲ့အထိစောင့်...ဘာလိုအပ်လဲလို့မေးကြည့်.."

ကြယ်တာရာခေတ်တွင် ဇက်၏အခြားသော ရန်သူမျိုးနွယ်လေးခုကရှောင်တိမ်းနေကြသည်။ တူဆာ၏အာဏာအရှိဆုံးကောင်စီကို ဖွဲ့စည်းခဲ့သောဇက်ခုနစ်ယောက်သည် ပထမစစ်တပ်၏ ဗဟိုအူတိုင်ဖြစ်နေပြီး သူတို့၏ရာထူးနေရာမှာလည်း မှန်းဆ၍ပင်မရနိုင်ချေ။

ယခု တူဆာ၏အာဏာအရှိဆုံးကောင်စီ အစည်းအဝေးခန်းတွင် ဇက်များကား အစိုးရနှင့်မသက်ဆိုင်သော ကိစ္စရပ်အားဆွေးနွေးနေကြပြီး၎င်းဆွေးနွေးပွဲမှာလည်း အင်မတန်သတိကြီးကာ အာရုံစိုက်စရာဖြစ်နေ၏။

ကုဟွိုက်ကား အဝတ်အစားအသစ်များရလာပြီဖြစ်ရာ ယူနီဖောင်းများကိုလဲဖယ်လိုက်သည်။

ဂျက်ကပ်ယူနီဖောင်းမှာ အလ်ဗ်ထံမှဖြစ်ပြီး သူဝတ်ထားသည့်တလျှောက်လုံး ပုခုံးပေါ်တွင်တွဲလောင်းကျနေသည်။ ၎င်းကား ဇက်တစ်ယောက်ထံမှဖြစ်၍ အပူချိန်ကင်းမဲ့လင့်ကစား ကုဟွိုက်ကိုယ်ပေါ်မှအအေးဓာတ်ကိုဖယ်ရှားပေးသည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now