"အင်း..အဖျားတော့မရှိတော့ဘူးဘဲ မျက်နှာသစ်ပြီအောက်ဆင်းလာခဲ့ မင်းအတွက်မနက်စာပြင်ထားပေးမယ်" အခုGemက သူ့အတွက် မနက်စာပြင်ပေးမယ်လို့ပြောတာလား။ ကျွန်တော်ဒီအချိန်တွေကို ရပ်တန့်ထားချင်လိုက်တာဗျာ။

Gemပြောတာကို ပြုံးပြုံးကြီးဖြစ်နေသော fourthအား geminiတစ်ယောက်စိတ်မရှည်စွာ။

"ငါပြောတာ ကြားလား fourth"

"ဟမ်း....ကြားပါတယ် gemရဲ့ ခနနေငါဆင်းခဲ့မယ်နော်"အဲ့ဒါမှ geminiအခန်းထဲက ထွက်လာလိုက်သည်။

Fourthလဲ မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာတော့ gemတစ်ယောက် ထမင်းစာပွဲတွင်သူ့အတွက်ပြင်ပေးနေတာကိုတွေ့လိုက်ရသည်။ fourthလည်းgemအနားသွားကာ။

"Gemငါဘာဝိုင်းလုပ်ပေးရမလဲ"သူ့အားတစ်ချက်ဘဲကြည့်ပြီး

"ထိုင်နေ ဘာမှကူလုပ်ပေးစရာမလို"gemအပြောကြောင့် သူလဲ ထိုင်နေလိုက်တော့သည်။

"ဒါနဲ့ အစ်မမွတ်လည်းမတွေ့ပါလား gem"

"သွားစရာရှိလို့တဲ့ အစောကြီးထွက်သွားတာဘဲ ရော့စားလို့ရပြီး"

ဆန်းပြုတ်ကြီးလား မသောက်ချင်ပါဘူး။အရှေ့ကဆန်းပြုတ်ကို ကြည့်ပြီးမျက်နှာမှည့်နေတဲ့ fourthအားကြည့်ပြီး gemပြုံးလိုက်မိသည်။အဲ့ပြုံးတာကိုတော့ fourthတစ်ယောက်မတွေ့လိုက်။

"Gemငါမသောက်ချင်ဘူး နို့ဘဲသောက်လို့ရမလားဟင်"မျက်နှာငယ်လေးနဲ့ပြောလာတဲ့fourthကြောင့် gemတစ်ယောက်အခက်တွေ့လေသည်။ဒါပေမဲ့ ဒီဆန်းပြုတ်က ကိုယ်ကိုယ်တိုင်းလုပ်ထားတာမလို့ သူ့အားသောက်စေချင်သည်။ဒါကြောင့် မျက်နှာကြီးအားတည်ကာ။

"မရဘူး ဆန်းပြုတ်ဘဲသောက်ရမယ်"

"ဒါပေမဲ့ ငါမသောက်ချင် "fourthစကားမဆုံးခင်မှာဘဲ gemကဖြတ်ပြောလာသည်။

"မင်းသောက်ချင်တာတွေ မသောက်ချင်တာတွေငါမသိဘူး ငါကသောက်ဆိုသောက်လိုက်လေ ဘာတွေအပိုပြောနေတာလည်း fourth nattawat "

Gemအော်ပြောလိုက်မှ ဆန်းပြုတ်ပန်ကန်လေးကိုသူ့အရှေ့အားယူပြီး တစ်ဇွန်းခစားလိုက်သည်။မကြိုက်ပေမဲ့ gemစိတ်ဆိုးမှာမလိုလာတာကြောင့် ကြိတ်မှတ်ပြီးအကုန်သောက်လိုက်သည်။သူ ဆန်းပြုတ်သောက်နေချိန် gemကသူအရှေ့ကခုံတွင်ထိုင်းပြီး ဖုန်းကြည့်နေသည် ခနကြာတော့ gemက သူအားဒေါသများဖြင့်စူးစိုက်ကြည့်ကာ

"Fourth nattawatဒါက ဘာသဘောလဲဟမ်း"gemအသံဟာ ဒေါသထွက်နေတာကြောင့် အခန်းတစ်ခုဟောင်ထွက်သွားသည်။ ဆန်းပြုတ်သောက်နေတဲ့ fourthကိုယ်လုံးတုန်းတက်သွားပြီးgemအား မော့ကြည့်လားသည်။

"Gem ဘာ..ဘာဖြစ်လို့လဲ ငါဘာလုပ်မိလို့လဲ"

" ဒီမှာကြည့်လိုက်"သူရှေ့တွင်ဖုန်းပြစ်ချပေးလိုက်တော့ fourthလဲ ဖုန်းအားယူကြည့်လိုက်ချိန် ဟင်..သူလဲမသိရပါလား အဖေက gemတို့မိသာစုကို ကုမ္မဏီချောက်ချလိုက်တဲ့သတင်း။

"ငါ ရှင်းပြမယ် gem ဒီကိစ္စကို ငါတကယ်မသိပါဘူး"

"ငါ့ကို ဘာမှလာမရှင်းမပြနဲ့ မင်းပါးစပ်ထွက်လာတဲ့စကားတွေအကုန်လုံးအညားတွေကြီးဘဲ ဟမ်းမင်းငါတို့ မိသာစုကိုဒုက္ခပေးလို့မဝသေးဘူးလား fourth narrawat"

"ငါတစ်ကယ် မသိတာပါgemရယ်"ဆိုကာ gemလက်အားလှမ်းကိုင်မည်အလုပ်

"ငါ့အသားကို လာမထိနဲ့"

"အာ့ "

fourthလက်gemကသူလက်အား  ရိုက်ထုတ်လိုက်တာကြောင့် ခုံဇောင်းနဲ့  ရိုက်မိသွားသည်။fourthသူ့လက်အား ဂရုမစိုက်နိုင်သေးပါ ခုသူ့ကိုgemကစိတ်ဆိုးနေတာလေ။

Geminiကအလောတကြီး ထွက်သွားတာကြောင့် fourthတစ်ယောက်အနောက်ကလိုက်သွားမိသည်။

"Gem ငါတကယ်ပြောတာပါ ခုကိစ္စကငါဘာတစ်ခုမသိပါဘူး"

"မင်းပါးစပ် ပိတ်ထား fourth nattawat"

gemက ကားသော့ယူကာ ကားအမြန်မောင်းထွက်သွားသည်။ဒီကိစ္စကို သူတကယ်မသိပါ။အဖေဘာတွေလုပ်နေတာလဲ မနက်ဖြန် သူမပြန်ဖြစ်တာကြာပြီးဖြစ်တဲ့ အိမ်ကိုသူပြန်သွားရလိမ့်မည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အမှားပါသွားရင် သည်းခံဖတ်ပေးပါဗျ🙏

အချစ်ကို ကျော်လွန်၍Where stories live. Discover now