Part 4 - Closer

Depuis le début
                                    

' basketball ကစားလာတာ ကြာပြီလား'

အာရုံလွှဲရန်အလို့ငှာ K ကပဲ စကားအစပျိုးလိုက်ပါသည်။

' ဟုတ် အလယ်တန်း ပထမနှစ်ကတည်းကပါ'

ဆေးထည့်နေသည့်နေရာကို ကြည့်ရင်းမှ Jo က ပြန်ဖြေသည်။ နှာခေါင်းလုံးလုံးလေးကိုလည်း တစ်ချက်ရှုံ့လိုက်သေးတာမို့ နဂိုကတည်းက ချစ်စရာကောင်းသည့်မျက်နှာသွင်ပြင်က အလိုမကျသည့် ကြောင်ပေါက်လေးသဖွယ် ဖြစ်၍သွားတာကြောင့် သူ ခိုး၍ပြုံးလိုက်‌သေးသည်။

' ဘယ်နေရာက ကစားတာလဲ'

' Shooting guard နေရာကပါ။ ဒါပေမယ့် တခြား နေရာတွေက ကစားရလည်း အဆင်ပြေပါတယ်။ Basketball ကစားရတာကို သဘောကျတာမို့လို့'

K က betadine သုတ်ထားသည့် ဂွမ်းစနှင့် ပတ်တီးလက်ကျန်အစများကို ဆေးပေးခန်းထောင့်ရှိ အမှိုက်ပုံးအတွင်းသို့ လွှင့်ပစ်လိုက်သည်။

' အင်း...အခု အသင်းထဲမှာလဲ အရင်ကစားတဲ့သူက နောက်ဆုံးနှစ် စာမေးပွဲနီးလို့ ထွက်သွားတော့ နေရာလပ်နေတယ်'

'ဟုတ်'

' Jo က ကိုယ့်ကို ရှိန်နေတာလား'

' အဲ့လိုတော့လည်း မဟုတ်ပါဘူး။ Senpai ဆိုတော့ လေးစားမှု ပြတဲ့သဘောပါ'

' မကြိုက်ဘူး'

'အယ်'

ရုတ်တရက် မျက်လုံးကို စိုက်ကြည့်ကာ ပြောမိသော သူ့စကားကြောင့် ထိုကလေးခမျာ မည်သို့ တုံ့ပြန်ရမလဲ မသိဖြစ်သွားပုံရသည်။ မျက်ဆံနက်နက်ကလေးများမှာ ဝိုင်းခနဲ။

ကျောင်းပထမဆုံးနေ့ကတည်းက သူ့မျက်လုံးရှေ့ နွေလေပြည်တွင် ဝေ့ဝဲကာပါလာ‌သော ‌နုနုအိအိ ဝါဂွမ်းဖြူစလေးလို အမှတ်မထင် ဝင်ရောက်လာခဲ့တဲ့ ကောင်လေးရဲ့ပုံရိပ်က မရည်ရွယ်ပါပဲ သူ့ခေါင်းထဲသို့ auto save ဖြစ်သွားဟန်တူသည်။ သူမျက်လုံးရွှေ့လိုက်တိုင်း အလိုအလျောက်ကို မြင်ကွင်းထဲ ဝင်ဝင်လာနေသည်လေ။ ကိုယ်တိုင်ကပဲ စိတ်ထင်နေလို့လား မသိတော့။

' ကိုယ့်တစ်ယောက်တည်းကို ကွက်ပြီး စိမ်းနေသလို ဖြစ်နေတာကြောင့် မကြိုက်ဘူးလို့။ ကိုယ့်ကိုလဲ K လို့ပဲ ရင်းရင်းနှီးနှီးခေါ်။ လမ်းမှာတွေ့ရင်လဲ ရှောင်မပြေးနဲ့'

Bloom Où les histoires vivent. Découvrez maintenant