Part 1 - intimidating senior

270 17 14
                                    

' JoJo ‌ကျောင်းနောက်ကျတော့မယ်နော် မထသေးဘူးလား'

အိမ်အောက်ထပ်က အမေ့ အော်သံကြားမှပဲ Jo အိပ်ရာမှ ကမန်းကတန်း ထလိုက်မိသည်။

ဟုတ်သား။ သူ ဒီနေ့ အထက်တန်းကျောင်းသားအဖြစ်နှင့် ပထမဆုံး ကျောင်းအသစ်ကို သွားရမှာပဲ။

'ဒီမှာ Yuma kun လည်းရောက်နေပြီနော်။ မြန်မြန်ပြင်ဆင်ပြီး လာခဲ့တော့။ နင်က အစားက နှေးပါဘိနဲ့ '

အိပ်မှုန်စုန်မွားနှင့် တွေးနေမိစဉ်မှာပဲ မာတာမိခင်ရဲ့ အသံစူးစူးကို ထပ်ကြားလိုက်ရတာကြောင့် သူလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြန်လုပ်ကာ မနေ့ကမှ Yuma နှင့်အတူ သွားဝယ်ထားသည့် ကျောပိုးအိတ်အဖြူလေးကိုဆွဲကာ ကသောကမျော ပြေးဆင်းလာခဲ့တော့သည်။ ပထမဆုံးရက်မှာ ကျောင်းနောက်ကျ၍တော့ Asakura Jo တို့ အပြစ်ပေးမခံချင်ပါ။ ပထမဆုံးအမြင်က တစ်သက်လုံးစွဲထင်နိုင်တာမို့ သတိထားရမည်။ အခန်းထဲမှ မထွက်ခင် ခုတင်‌ခြေရင်းတွင်အိပ်နေသော အချစ်တော် ကြောင်လေး Mint အတွက် ကြောင်စာခွက်ကို ဖြည့်ပေးခဲ့ဖို့လည်း မမေ့။

အောက်ထပ်ရောက်တော့ ထမင်းစားခန်းမှာ အမေက Yuma နှင့် စကားလက်ဆုံကျလို့။ သူ့ထက် လပိုင်းသာကြီးသည့် ထိုအစ်ကိုပေါက်စကလည်း ထမင်းစားပွဲတွင် ပေါင်မုန့်မီးကင်‌လေးကိုက်လိုက်၊ ကော်ဖီလေးမော့လိုက်ဖြင့် အမေနှင့်အတော် လေပေးဖြောင့်လို့နေသည်။ သူ့အစ်ကို အကြီးဆုံး Euijoo ကတော့ စံပြကျောင်းသားပီပီ ပါးစပ်ကသာ ဝါးနေသော်လည်း မျက်လုံးကမူ စာကြည့်မပျက်။

တခါတလေတော့လည်း တွေးမိသည်။ အစ်ကို Euijoo ပါးစပ်နှင့် နှာခေါင်းများ မုန့်မှားမခွံ့မိဘူးလားဟု။ သို့ပေမယ့်လည်း မဖြစ်နိုင်ပါ။ ဖန်တရာတေနေသည့် အမေ့ပြောစကားအရ အစ်ကို Euijoo ကဘယ်တော့မှ အမှားလုပ်မည်မဟုတ်။ အမှားလုပ်ရင်လည်း ထိုသူသည် Euijoo မဟုတ်။ အမေ့ရဲ့ အကောင်းမြင်စိတ်တွေအကုန် အပိုင်စားရထားသည့် အစ်ကို့ကို မနာလိုဖြစ်သလားဆို မဖြစ်ပါ။ အကြောင်းမှာ သူအမှားလုပ်မိ၍ အမေဆူတိုင်း အစ်ကို Euijoo က Jo အကြိုက်ဆုံးဖြစ်သည့် ချောကလက်ကျွေးပြီး ချော့သောကြောင့် ဖြစ်သည်။ Jo ကတော့ သူ့ကိုမုန့် ကျွေးသောသူတိုင်း စိတ်‌ထား‌ကောင်းသည်ဟု ထင်ပါသည်။

Bloom Onde histórias criam vida. Descubra agora