သို့ရာတွင်နင်မုန့်ကမူ သူ၏စကားတိုင်းကို ယုံသည်။ မည်သို့ပင်ဆိုစေကာမူ ရှီမိသားစုက ထိုစီးပွားရေး နယ်ပယ်မှဖြစ်သည်။ ပို၍ဆိုးသည်မှာ လူလိမ်များက ထိုစကားလုံးများကို သုံးပြီး လူအများကို လိမ်ညာရဲသည်မှာ ထိုစကားကသာ မှန်နေလျှင် အဆုံးသတ်ရလဒ်က သံသယဝင်ရန် မလိုလောက်အောင် ကပ်ဘေးကံကြမ္မာ ဖြစ်လောက်သည်။

သုံးရက်မကျော်နိုင်တော့သည်။ ဆိုသောကိစ္စကလဲ ကပ်ဘေးတစ်ခု ဖြစ်သည်။

လျိုရွှမ်း၏နှုတ်ခမ်းကလဲ ရွဲ့သွားပြီးနောက် သူမကငြင်းသည်။

"ဒါဆိုရင် စီနီယာ စီနီယာမှာ ဖြေရှင်းချက် ရှိတာပါလား"

သူမက မသေချင်သေးချေ။

ရှီချီက မျက်မှောင်တစ်ခဏခန့် ကျုံ့နေပြီး နောက်မှသာ မျက်မှောင်ကိုပြန်ပြေလာပြီး ပြောလာသည်။

"မျက်နှာဖုံးကိုရှာ"

လျိုရွှမ်းက ချက်ချင်း စိတ်အေးသွားသည်။ သူမကလဲ ထိုသို့တွေးထားပေသည်။ ထို့ကြောင့် မှန်ကန်သည့်တွက် စိတ်အေးသွားသည်။

"စီနီယာ ကျွန်မဒီနေ့ အိမ်ပြန်သွားရင် သူတို့ကို ဆက်သွယ်လိုက်မယ် မနက်ဖြန်ပိတ်ရက် ဆိုကတည်းက အဲ့ဒီနေရာကို သွားပြီး မျက်နှာဖုံးကို ပြန်ရှာလိုက်မယ်"

သူမက ရှင်သန်လွတ်မြောက်ရန် ဂိမ်းတစ်ခုကို ဆော့ကစား နေရသလိုမျိုး စိုးရိမ်တကြီး ပြောလာသည်။

ရှီချီက ခေါင်းညိတ်သည်။

"ငါလဲသွားမယ်"

ထိုကဲ့သို့သော ကိစ္စမျိုးက သူ့အတွက် အကျိုးအမြတ် ရှိသည်။ ပို၍ဆိုးသည်မှာ သူ၏ဦးလေးကလဲ သူ့ကိုကိုယ်တိုင် အတွေ့အကြုံ ယူသင့်သည်ဟု မကြာခဏ သင်ကြားပေးလေ့ရှိပြီး သို့မှသာလျှင် စွမ်းရည်ရရှိ လာနိုင်သည်။ဟု ဆိုထားသည်။ သို့သော် အခြားလူများထံ အခွင့်အရေးကို ပေးလိုက်လျှင် မကောင်းတော့ချေ။

လျိုရွှမ်းက အံ့ဩသွားပြီး နောက်တွင် စာရွက်ပေါ်တွင် နံပါတ်များကို ရေးချပေးလိုက်သည်။

"ဒါကကျွန်မရဲ့ ဖုန်းနံပါတ်ပါ စီနီယာစိတ်ထဲ မထားရင် စီနီယာရဲ့ ဖုန်းနံပါတ်ကို ပြန်ပေးထားပါလား"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now