🦋⑦...Ⓩⓐⓦⓖⓨⓘ

Start from the beginning
                                    

ကြီးမေ၏ စကားကို ခေါင်းတစ်ချက်ညိမ့်ပြ၍ သာ တုံ့ပြန်မိ၏.မကြာပါ  ခြံထဲမှ  ဖုန်းပြော၍ ပြန်လာသည် ထင်ပါ၏ ဖုန်းလေး တကြည့်ကြည့်နှင့် ပင်   မိမိနှင့် မျက်နှာချင်းဆိုင်  မူလက ထိုင်ရန် ရည်ရွယ်ထားသောနေရာတွင် ဝင်ထိုင်လိုက်ပြီး မေးလာသည့် စကားမှာ ခန္ဓာကိုယ်တွင်းမှ သွေးများ ပင် ပြောင်းပြန်စီးလေပြီလား ထင်မှတ်ရ၏....

"ကိုကို က စောစောစီးစီး မနက်စာတွေဘာတွေ စားလို့ပါလား   ဘာစိတ်ကူးပေါက်လို့ လဲဗျ့"

ကော်ဖီနှပ်ပေးနေသည့် ကြီးမေပင် မယုံနိုင်ခြင်းများစွာဖြင့် ဖွဲ့စည်းထားသော မျက်လုံးအစုံတို့ကား မိမိတို့နှစ်ယောက်ဆီမှာပင်

"ဒီနေ့ ဒယ်ဒီတို့ပြန်လာမှာ လို့ မင်းကို ငါပြောထားတယ် မဟုတ်လား "

"မင်းကိုငါပြောထားတယ်"

မျက်ခုံးတစ်ဖက်ပင့်ကာ ကိုယ့်အသံကို သံယောင်လိုက်၍ ပြောလာသည့် ပုံစံမှာ တစ်ခုခုကို သတိပေးချင်သလိုပင်...

"အာ မာမီတို့ မရှိရင်တော့ လွတ်လွတ်လပ်လပ်ဘဲ ပြောစမ်းပါ"

သိပြီ သူသတိပေးချင်နေတာက မနေ့ညကမိမိပြောခဲ့သည့် စကားကို ပင်........

"အဲ့လိုတော့ ဘယ်ရမလဲ ကိုကိုရဲ့ နေ့လည်လောက်ဆိုရင်တောင်မေမေတို့က ပြန်ရောက်တော့မှာ  ကိုကို့ ရဲ့  အပြောအဆိုတွေက အခုကတည်းက ကျင့်သားရအောင်  ပြောင်းထားသင့်တယ်လို့ မထင်ဘူးလား"

"ကျစ်!  ရှိုင်းသော်တာ "

"ဗျာ....... "

ပြန်ထူးလာသည့် လေသံနှင့် မျက်နှာ အမူအရာကား ပြုံးတမြမြနှင့် မနက်ခင်းလေးကို ပို၍ သာယာလှပစေ၏...ဘာကြောင့်မှန်းမသိ  ထိုအချင်းအရာကို မြင်လိုက်ရသည့် အခိုက်အတန့်လေးတွင် ရင်ထဲ၌ မသိစိတ်လေးက သာယာကြည်နူးသွားတယ် ထင်ပါ၏....

မျက်စောင်း တချက်ထိုးကာ ကြီးမေ လာချပေးသည့် မနက်စာကိုသာ ဆက်စားနေလိုက်သည်.....

ပေါင်မုန့် တစ်ချပ်တောင်မကုန်သေး ပေ မိမိရှေ့က လူကား မနက်စာစားပြီးသွားပြီတဲ့လေ  'ခါတိုင်းလည်း ဒီလိုဘဲ မနက်စာကို မဖြစ်စလောက်လေးဘဲ စားပြီး ကျောင်းသွားတာလား' လို့ စိတ်ထဲတွင်တော့ ဘဝင်မကျစွာတွေးမိလိုက်၏...စိတ်ထဲရှိရာကို ဖုံးဖိသိုဝှက် ထားတတ်သည့် လူတန်းစားထဲတွင် ဟိန်းစက္ကဆိုသည့် လူသားမပါဝင်ပေ.....ထို့ကြောင့် ထမင်းစားပွဲမှ ထသွားရန် ဟန်ပြင်နေသည့် ရှိုင်းသော်တာအား

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now