ရှဲ့ချုံရန်နဲ့ ရှောင်ကျန့်၏ပူးကပ်နေပုံက ဟယ်လုကိုဒေါသထွက်လာစေသည်။ သို့ပေမယ့်သရုပ်ဆောင်မပျက်ပဲ သူ့ရဲ့ဖြူစင်တဲ့ပုံစံလေးကိုထိန်းသိမ်းထားဆဲပင်။

ရှောင်ကျန့်က ရှဲ့ချုံရန်၏လက်ကိုခပ်ဖွဖွပုတ်ပေးလိုက်ရင်း မိတ်ဆက်ပေးလိုက်သည်။

"ဒါကငါ့ညီလေ....ရှဲ့ချုံရန်လို့ခေါ်တယ်...."

ဟယ်စုန့်နန်က ထူးထူးဆန်းဆန်းဘာမှမတွေးမိပဲ သူ့နာမည်သူတောင်ပြန်မိတ်ဆက်လိုက်သေးသည်။

"အစ်ကို့နာမည်က ဟယ်စုန့်နန်ပါ....ရှဲ့ယန်ရဲ့သူငယ်ချင်းလေ....ဒါက အစ်ကို့ညီ ဟယ်လုတဲ့...."

ဟယ်လုက သူ့ရဲ့မကောင်းဆိုးဝါးလိုမဲညစ်နေသည့်နှလုံးသားကိုဖုံးကွယ်၍ ကြာပန်းဖြူဟန်ပန်လေးအတိုင်း နှုတ်ခမ်းလေးကိုကွယ်ကာပြောလိုက်သည်။

"ဒါက ကိုကိုပြောခဲ့ဖူးတဲ့ ကျွန်တော့်လောက်ချစ်ဖို့မကောင်းဘူးဆိုတဲ့ ညီငယ်လေးလား...."

ရှောင်ကျန့် : "....."

ရှဲ့ချုံရန်၏ခန္ဓာကိုယ်မှာ ချက်ချင်းတောင့်ခဲသွားပြီး မျက်နှာက မဲပုတ်သွားသည်။ သူစိတ်ဆိုးချင်ပေမယ့် ရှောင်ကျန့်ရဲ့ကို့ယို့ကားယားမျက်နှာလေးကိုမြင်လိုက်ရချိန်၌ စိတ်ဆိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ အနည်းငယ်ဆူပုတ်ပုတ်မျက်နှာဖြင့် သံရှည်ဆွဲရင် ရှောင်ကျန့်ကိုချွဲလိုက်သည်။

"ကောကော.....ကျွန်တော်ကချစ်ဖို့မကောင်းဘူးလား"

ရှဲ့ချုံရန်၏မျက်နှာလေးက ဆယ်ကျော်သက်အရွယ်သာရှိသေးတာကြောင့်သိပ်မရင့်ကျက်သေးပဲ အနည်းငယ်ကလေးဆန်သည်။ ထို့ကြောင့်ကလေးတစ်ယောက်လိုချွဲပြလာသည့်အခါတွင် မည်သို့မှကြည့်ရဆိုးမနေပဲ သူ့ကိုထပ်ဆင့်တိုးချစ်ဖို့ကောင်းသွားစေ၏။ ဒီတော့ရှောင်ကျန့်တို့အရည်ပျော်ကုန်တာပေါ့။

"အဟမ်း.....ချစ်...ချစ်ဖို့ကောင်းပါတယ်"

ရှဲ့ချုံရန်က ကျေနပ်သွားပြီး ဟယ်လုကိုစိန်ခေါ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ဟယ်လု၏ဟန်ဆောင်ထားသည့်မျက်နှာမှာ ပျက်ဆီးလုဆဲဆဲတောင်ဖြစ်သွား၏။

system 091 (Book 2)Where stories live. Discover now