လမင်းမှာ မချိပြုံးလေးသာ ပြုံးပြနိုင်သည်။ သီဟကိုတော့
မျက်စောင်းရွယ်ကာ အံကြိတ်ပြမိသည်။

"အကိုကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် လာသလိုပဲ
   ဖြေလာနိုင်လို့ပါဗျာ "

"သိတယ်...လူအများကြီးရှိတာကို မင်း မဆင်မခြင် လုပ်စရာလား"

"ကိုယ့် ဆရာ ကိုယ်ချစ်လို့ ပွေ့ချီတာ ဘာဖြစ်လဲဗျာ"

"ဘာ! ..."

"ဘာမှမဟုတ်ပါဘူး ဟဲ ဟဲ..."

" ဒါဆိုလည်း အကိုပြန်‌တော့မယ် အိမ်မှာအမေနေသိပ်မကောင်းလို့
    ဒီနေ့တော့ အိမ်ထိလိုက်မပို့တော့ဘူး  ..."

"နေအုန်းလေဗျာ !  ကျွန်တော် တောင်းဆိုစရာ ရှိလို့ "

" ကဲ..ပြော"

"သဘက်ခါ တစ်နေကုန် ကျွန်တော်နဲ့ အတူတူ မိုင်းရှူး လိုက်ခဲ့ပေး"

"ဟမ်!"

"ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးဗျာ
  သူငယ်ချင်းတွေလည်းပါမှာ စာမေးပွဲပြီးရင် မိုင်းရှူးသွားလည်မယ်
  ဟိုက်ပါ ရေတံခွန်ပါ လိုက်လည်မယ်လို့ တိုင်ပင်ထားလို့ "

"အဲ့လိုတိုင်ပင်ထားရင် အစကတည်းက ပြောလေ သီဟ "

"အခုမှ ပြောချင်လို့လေ အကို လိုက်ခဲ့ရမယ်နော် "

"အဲ့တာက .."

"ဘာလဲ...စာမေးပွဲ ပြီးပြီ ဆိုပြီး ကျွန်တော့်ကို မျက်နှာလွှဲလုပ်ပြီပေါ့ "

"မဟုတ်ရပါဘူး တစ်နေကုန်ကြီးကျတော့..."

"တစ်နေကုန်ရယ်တော့ ဘယ်ဟုတ်မလဲဗျာ  မနက်စောစော သွားရင် နေ့လည်လောက်ဆို ပြန်ရောက်ပါပြီ  ကျွန်တော်က အကို့ကို လိုက်ပို့ချင်လို့ တမင် ဟိုကောင်တွေကို လိုက်မယ်ပြောထားတာ "

မျက်မှောင်ကြုံ့ကာ ဖြစ်ချင်တာကို ဇွတ်ပြောနေသော သီဟကြောင့်
လမင်းမှာ အကြပ်ရိုက်ရပြန်သည်။ မနက်ဖြန်ဆို မောင် လည်း ပြန်လာလောက်ပြီ ။ တစ်နေကုန်ကျ လမင်းမှ မသွားချင်ပဲ။
လူငယ်ဆိုတာ အလည်အပတ်ဆိုရင် ခြေများချင်တာကများများ၊ ပျော်ပါးချင်တာကများများ၊ ပြီးရင် လမင်းက သီဟနှင့်သာ သိသည်မို့ ကျန်တဲ့သူတွေနှင့်က မသိတာကတစ်ကြောင်း။
သည်လို မသိသူတွေ အများကြီးနှင့် အလည်အပတ်ခရီး မသွားချင်တာအမှန်ပေမယ့် ရှေ့က မျက်နှာကြီး ဆူပုတ်နေပြီ ဖြစ်သော သီဟကြောင့် ဒီတစ်ခါသာ တပည့်ဖြစ်သူ၏ အလိုကို လိုက်ပေးတော့မည်ဟု ဆုံးဖြတ်ကာ ခေါင်းညိတ်ပြလိုက်ခါမှ.....

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now