"နွေ...ရှင်သန်လာရတာပင်ပန်းလာတိုင်းမောင့်ကိုသတိရပေးပါ။မောင်မင်းအတွက် ခွန်အားတစ်ခုဖြစ်အောင်ကြိုးစားပါ့မယ်..။"
ကျွန်တော့်ကိုအဲ့လိုပြောပြောတတ်သည့် လူ။ထိုလူဟာကျွန်တော့်ဘဝအတွက်အရေးပါဆုံးဖြစ်ခဲ့လိမ့်မယ်လို့ဘယ်သူကထင်ခဲ့မလဲ။
လူတစ်ယောက်အတွက်အရေးပါလောက်လာရသည်အထိ ထိုမောင်မှာ သိပ်ကိုအာဏာရှိတယ်။
ဒါပေမဲ့အာဏာလို့သာပြောတာ မောင့်ရဲ့အာဏာကသိပ်ကိုနွေးထွေးတယ်။ ထိုသို့မောင်ကကျွန်တော့်အတွက်တော့ ဆောင်းရာသီ၏ မနက်ခင်းနေထွက်ချိန်လိုပဲနွေးထွေးတယ်..။
..........
ကျွန်တော်က ငယ်ငယ်ထဲကနှလုံးမကောင်းတဲ့လူဖြစ်တဲ့အတွက် pacemaker နဲ့နေထိုင်ရသူပါ။ နှလုံးထဲမှာထိုစက်သေးသေးလေးကိုထည့်ထားရတဲ့အတွက် ကျွန်တော်ဟာသာမာန်လူတွေလိုသန်စွမ်းသည့်လူတော့မဟုတ်တော့ဘူးပေါ့။ အမြဲတမ်းနှေးကွေးပြီး သူများတွေထက်အရမ်းပင်နောက်ကျတတ်တဲ့ကျွန်တော်ဟာ မိသားစုထဲမှာအပယ်ခံဖြစ်လာတယ်။ ကျန်းမာရေးချူချာသူဖြစ်တဲ့အတွက် မေမေတို့မှာကျွန်တော့်အတွက်ပိုက်ဆံအရမ်းကုန်ရတယ်။ မေမေနဲ့ဖေဖေကတော့သားသမီးဖြစ်လို့ စိတ်မကုန်ပဲအစွမ်းကုန်လုပ်ပေးသော်လည်း အမျိုးတွေကတော့ကျွန်တော့်ကိုမွေးဖွားမလာသင့်တဲ့ကလေးလို့သတ်မှတ်ခဲ့ကြတယ်။ဒါလဲမမှားပါဘူး။ကျွန်တော်ဟာမွေးဖွားချိန်ကစပြီး ကျွန်တော့်မိဘတွေကိုစိတ်ဆင်းရဲစေခဲ့တယ်လေ..။ဒါ့ကြောင့်လဲအမျိုးတွေကကျွန်တော့်ကိုမုန်းကြတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်ဟာအမောဒဏ်မခံနိုင်ဘူး။ ထို့ကြောင့်သူများတွေကစားတိုင်းကျွန်တော့်မှာ ဝရံတာကနေလှမ်းလှမ်းကြည့်ရတာအမောပင်။ ကျွန်တော်မှာ ဘောလုံးကစားရတာကိုရူးသွပ်မိသော်လည်းအမောမခံနိုင်တဲ့ကိစ္စကြောင့်ကျွန်တော်မှာဘောလုံးကိုမထိတွေ့နိုင်ခဲ့ပါ။ ဒါပေမဲ့ကျွန်တော်ဟာမိုက်ရူးရဲဆန်လှတယ်။ အမောမခံနိုင်တာကို ဥပေက္ခာ ပြုပြီးကျွန်တော်ပြေးလွှားဆော့ခဲ့တယ်။ ဒါပေမဲ့ရလဒ်အနေနဲ့ကတော့ကျွန်တော့်နှလုံးဟာ လှုပ်ရှားမှုကြောင့်မြန်လာပြီးထိန်းပေးတဲ့စက်မှာပျက်သွားခဲ့တယ်။ အဲ့လိုဖြစ်တော့ ကျွန်တော်သေမလိုဖြစ်ခဲ့တယ်။ အဲ့နောက်ပိုင်းကစလို့ကျွန်တော်လုံးဝမပြေးတော့ဘူး။ ကျွန်တော်အိမ်ထဲမှာပဲကုတ်ပြီးရှင်သန်ခဲ့ရတယ်။ ကျွန်တော်အဲ့လိုရှင်သန်ရတာကိုသိပ်မုန်းတယ်။ သိပ်ကိုစိတ်ပျက်မိတယ်။ထို့ကြောင့်ကျွန်တော့်မှာလူ့လောကတွင်ရှင်သန်လိုစိတ်မရှိတော့ချေ။ နေ့စဉ်ရက်မျှ သေမယ့်ရက်ကိုကျွန်တော်စားပွဲမှာထိုင်ရင်းစောင့်နေမိသည်မှာမောင်နဲ့မတွေ့ခင်အထိပင်။
ESTÁS LEYENDO
One shot collection