"မင်းအဆင်ပြေရင်ပြီးတာပါပဲ"

ရှောင်ကျန့်ဟာ ဝယ်စုန့်နန်နဲ့အတူ ကျောင်းဝင်းထဲအေးအေးဆေးဆေးလမ်းလျှောက် စကားပြေနေရင်း တစ်နေရာအရောက်တွင် လူတစ်ချို့၏တစ်တွတ်တွတ်ဖြင့်တွတ်ထိုးနေသည့်စကားသံတွေကိုကြားလိုက်ရသည်။ တိုးလျသည့်အသံတွေကြားထဲတွင် ချောလိုက်တာ နှင့် ဘယ်သူလဲမသိဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းကြားလိုက်၏။

သူ့မျက်လုံးတွေက အသံလာရာပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်ပြီးနောက် သူနဲ့ခပ်ဝေးဝေးတစ်နေရာတွင် အနက်ရောင်ဝတ်စုံပြည့်ဖြင့် အရပ်မြင့်မြင့်ပုံပန်းသဏ္ဍာန်နှစ်ခုကိုမြင်လိုက်ရသည်။ မျက်မှန်နှင့်ပရော်ဖက်ရှင်နယ်ကျကျရုပ်ရည်ပိုင်ဆိုင်ထားသည့် Alpha က သူ့အရှေ့ကအမျိုးသားကို တစ်စုံတစ်ခုတင်ပြနေသည်နှင့်တူသည်။ တင်ပြနေသည်ဟုပြောရသည့်အကြောင်းအရင်းက ထိုAlpha မှာသူ့အရှေ့က လူကို လေးလေးစားစား၊ ဂရုတစိုက်ဖြင့် လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ပြုမူနေကြောင်းထင်ရှားနေတာကြောင့်ပင်။

အရှေ့ကတစ်ယောက်ဟာ အတွန့်အခေါက်တစ်ခုမရှိသည့် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကျယ်ပြန့်သည့်ပုခုံးနဲ့အတူ သွယ်လျသော်လည်းသန်မာသည့်ခါးကိုကိုပိုင်ဆိုင်ထားသည်။ ခြေတံရှည်တွေက ပြောမပြတတ်နိုင်လောက်အောင်ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သည့်အမျိုးသား Alpha တစ်ယောက်၏ အရှိန်အဝါအပြည့်ရှိနေသည်။

ထိုအမျိုးသားက ပြောမပြတတ်နိုင်လောက်အောင် ယောက်ျားပီသလွန်းလှပြီး သူ့ရဲ့ချောမောလွန်းသောမျက်နှာလေးက ပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားတွေကိုဆွဲဆောင်ထားသည်။ နီညိုရောင်နှုတ်ခမ်းတစ်စုံကိုတင်းတင်းစေ့ထား၍ သိန်းငှက်လိုမျက်လုံးတွေက သူ့အနောက်က Alpha တင်ပြသည့်အရာတွေကို နားထောင်နေဟန်ရသည်။

အနောက်တိုင်းဝတ်စုံတွေဖြင့် ကျောင်းဝင်းနဲ့ပတ်သပ်ခြင်းမရှိသည့် Alpha အမျိုးသားနှစ်ယောက်က ခြေလှမ်းကျဲကြီးတွေဖြင့် ကျောင်းဝင်းတစ်နေရာသို့ဦးတည်နေဟန်ရသည်။

ရှောင်ကျန့်က အရှေ့ကဦးဆောင်သွားနေသည့်အမျိုးသားကိုငေးနေချိန်တွင် ဟယ်စုန့်နန်က မေးစေ့ပွတ်ရင်း ပြောလာသည်။

system 091 (Book 2)Where stories live. Discover now