It's too late

55 9 1
                                    

တီ......တီ.......တီ.......

ဒေါသစိတ်ကြောင့် တုန်ရီနေသောလက်တွေမှာ
ဖုန်းစခရင်ပေါ်ပြေးလွှားနေပြီး နံပါတ်တစ်ခုတည်းကိုသာ
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် ခေါ်ဆိုနေသည်။

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း- "

" ကျစ် "

တီ........တီ.......

" အော ဆောင်းဟွာ "

" ဘာတွေလုပ်နေလို့ ဖုန်းကိုမကိုင်ရတာလဲ "

" အသံသွင်းနေတာနဲ့ silentလုပ်ထားလိုက်မိလို့
ပြောလေ "

" ဒီနေ့ဘာနေ့ဘာနေ့လဲဆိုတာ သိလား "

" ဒီနေ့ ? ဘာနေ့မို့လို့လဲ "

" အဟ.. အံ့တောင်မသြပါဘူး ဂင်မ်ဟုန်းဂျွန်ရယ် "

လှိုက်တက်လာသည့် ခံစားချက်များက လည်ချောင်းထဲပိတ်ဆို့နေကာ ကျလုနီးပါးမျက်ရည်ပေါက်များ ပါးပေါ်မစီးရန် ဆောင်းဟွာ အတော်လေး ထိန်းထားရသည်။

" အာ... နှစ်ပတ်လည်နေ့ပဲ ဆောရီးဆောင်းဟွာ
ကိုယ်အလုပ်ထဲစိတ်ရောက်နေတာနဲ့ မေ့သွားတယ်
ခဏနေ လက်စသတ်ပြီး ထွက်လာခဲ့မယ်နော်
ဘာလိုချင်လဲ အပြန်ဝယ်ခဲ့မယ်လေ "

" ဟယ်လို ဆောင်းဟွာ ? ဟယ်လို "

" မကောင်းတဲ့ အကောင် "
တီ..........
" ဟယ်လို ဆောင်း- "

ထုံးစံအတိုင်း စိတ်ကောက်သွားပြီဟုပဲ ပေါ့ဆဆတွေးကာ
ဟုန်းဂျွန်အလုပ်ခဏဆက်လုပ်နေလိုက်သည်။

- အချိန် အားဖြင့် ည ၁၁ နာရီ ၄၈ မိနစ် -
အလုပ်တွေအပြီးသတ်သွားပြီဖြစ်တဲ့ ပရိုဒူဆာဂင်မ်ကတော့
သိမ်းစရာရှိတာသိမ်းပြီး ကုမ္ပဏီရှေ့က တော့ပိုကီနှင့် စားစရာတစ်ချို့ဝယ်ရင်း အိမ်မှာစောင့်နေမယ့်သူထံ အမြန်ဆုံးပြန်လာခဲ့လိုက်သည် ။

____________
တိုက်ခန်းရဲ့ passcodeကိုနှိပ်ကာ အထဲဝင်လိုက်တော့
မီးမထွန်းထားပဲ မှောင်မည်းနေသည့်အခန်းအေးစက်စက်ကကြိုဆိုလျက်

" ဆောင်းဟွာယား ကိုယ်ပြန်လာပြီ
ဒီမှာ ဟိုနေ့ကစားချင်တယ်ပြောတဲ့ တော့ပိုကီလည်းဝယ်လာတယ် "

Cᴀɴᴄᴇʀ's sᴄʀɪᴘᴛ ☁︎Where stories live. Discover now