အဲ့ဒီနေ့က ပုံရိပ်ကိုပြန်တွေးလိုက်မိတိုင်း စိတ်ထဲမှာ နာကျင်ရသည်၊ စိုးရိမ်မှုတွေ လှိုက်တက်လာရသည်၊တကယ်လို့တကယ်လို့သူသာJayကို ဆုံးရှုံးလိုက်ရလျှင်ဆိုတဲ့စိတ်ဟာ တကယ်ကိုကြောက်စရာအကောင်းဆုံးပါ၊

" ကိုကိုတောင်းပန်ပါတယ် "

" ကိုယ်မင်းအပေါ်မှာ ခွင့်မလွှတ်နိုင်တဲ့ အမှားတွေအများကြီးကျူးလွန်ခဲ့တာ "

Jay သတိမရလာတဲ့နေ့တွေမှာ သူ Jay ရဲ့ Dairy စာအုပ်လေးတွေးကို ဖတ်ဖြစ်သည်၊ ငယ်ငယ်က တည်းက ဒီလိုမျိုးရေးတတ်တဲ့အကျင့်ရှိတာကို သူမသိခဲ့ရပါ၊ စာမျက်နှာတိုင်းမှာ သူ့အကြောင်းတွေစိုးမိုးနေတာကိုတွေ့ရသည်၊သူ့အပေါ်မှာထားတဲ့ ဒီကလေး‌ရဲ့စိတ်ထားကိုတွေ့ရသည်၊ သူမို့လို့ မှားရက်ခဲ့တာ၊ သူမို့လို့အချစ်တွေကို အလေးမထားခဲ့မိတာ၊ သူဘယ်လောက်ထိမှားခဲ့လဲဆိုတာ သိရသည်၊

" ရှေ့လျှောက် ကိုကိုတို့ကောင်းကောင်းမွန်မွန်နေသွားကြရအောင် "

" မင်းဖြစ်စေချင်သလို တစ်သက်လုံး အတူတူနေကြရအောင်၊ အသက်တွေကြီးတဲ့အထိ "

" ကို့ဘဝတစ်ခုလုံး မင်းဆီမှာ ပုံအပ်ထားပါ့မယ် "

" မင်းခွင့်လွတ်တဲ့အထိ ကိုယ်တောင်းပန်ပါ့မယ် "

ရုတ်တရက်ဆိုသလိုပဲ သူဆုပ်ကိုင်ထားတဲ့ Jay ရဲ့လက်ကလေးက လှုပ်ရှားလို့လာသည်၊

" Jay "

" အ့ "

Jayဆီကအသံထွက်လာပြီး မျက်နှာလေးကပါ ရှုံ့ မဲ့လာတာမို့ သူDoctorကို အမြန်ခေါ်လိုက်တော့တယ်၊ ချက်ချင်းပဲ Doctorရောက်လာပြီး Jay ကိုစစ်ဆေးပေးပါတယ်၊ အားလုံးပုံမှန်အခြေအနေဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောတာကြောင့် သူစိတ်အေးသွားရသည်၊သူမေမေတို့ကိုJay သတိရကြောင်း ဖုန်းဆက်ပြီးပြောလိုက်တော့သည်၊ မေ မေတို့ ခဏနေ ဆေးရုံကိုရောက်လာပါလိမ့်မယ်၊

" Jay "

" နေရတာ အဆင်ပြေရဲ့လား၊ ထိုင်ချင်လား ကိုကိုထူပေးမယ်လေ "

" မလိုဘူး "

Jayကစကားတစ်လုံးချင်စီပြောနေတယ်၊ အသံကလည်းခပ်တိုးတိုးလေးပါ၊ အခုမှ သတိရလာတာမို့ အခုလိုဖြစ်နေတာနေမှာပါလို့သူတွေးမိတယ်၊

TOXIC Where stories live. Discover now