မူလပိုင်ရှင်ကတကယ်သနားစရာကောင်းသည်။ သူတစ်လျောက်လုံး ယုံကြည်ကိုးစားပြီး ဘဝတစ်ခုလုံးပုံပေးခဲ့သူက အသားလေးထိရမည်ကိုပင် အော့အန်ရလောက်သည်အထိရွံရှာနေမည်မှန်းထင်မှတ်မထားခဲ့ပေ။ သူ့ရဲ့သစ္စာဖောက်သည့်လုပ်ရပ်ကအကြီးကြီးမှားယွင်းနေခဲ့တာကြောင့်ဖြစ်နိုင်၏။ ဘဝနှစ်ခုလုံး ဆိုးဆိုးဝါးဝါးခံစားခဲ့ရရှာသည်။

ရှောင်ကျန့်က သူ့အရှေ့က ဆယ်ကျော်သက်အရွယ်ဗီလိန်ကြီးကိုမသိမသာမျက်မှောင်ကြုပ်ရင်းအကဲခတ်ကြည့်လိုက်သည်။

'အုန်းသီး....မင်းပြောစမ်း....ဗီလိန်က ငါ့ကိုစည်းရုံးသိမ်းသွင်းဖို့ကိစ္စ လမ်းစဖော်ဖို့ ဟန်ဆောင်နေတာဖြစ်နိုင်လား'

[ကျွန်တော်တိတိကျကျမသိပေမယ့် တကယ်လို့ host အပေါ်ကိုသာ လူတစ်ယောက်ကအရှိန်ပြင်းပြင်းနဲ့ပြုတ်ကျလာမယ်ဆိုရင် host ဘာဖြစ်သွားမယ်ထင်လဲ....]

ရှောင်ကျန့် : "....."

စူပါစွမ်းအားရှိတဲ့လူတစ်ယောက်သာမဟုတ်ရင် ဒဏ်ရာမရဖို့ဆိုတာမဖြစ်နိုင်ချေ။ ကြည့်ရတာ ဗီလိန်ကဟန်ဆောင်နာကျင်ပြနေသည့်ဟန်မရပေ။

ဘယ်လောက်ပဲကြည့်မရဘူးဆိုနေပါစေ။ ဒီတစ်ခေါက် သူ့ဘက်ကစမှားတာကြောင့် ရှောင်ကျန့်အနည်းငယ်တော့အားနာသွားသည်။ ဘယ်လိုပဲဆိုဆို အခုဗီလိန်၏အသက်အရွယ်မှာ ဇာတ်လိုက်နည်းတူ ၁၄နှစ်သာရှိသေးသည်မဟုတ်ပါလား။ သူ့အတွက်တော့ ဒီအသက်အရွယ်က ကလေးတစ်ယောက်နဲ့မကွာခြားပေ။

"ထနိုင်ရဲ့လား....အရမ်းနာနေရင် ဆေးရုံသွားရအောင်"

ကွေ့ထန်ယဲ့က ခေါင်းကိုခပ်သာသာခါပြသည်။ သူ့မျက်နှာကိုအနည်းငယ်ရှုံ့မဲ့ပြနေဖို့လည်းမမေ့ပေ။

"ကျွန်တော်အဆင်ပြေပါတယ်"

ကွေ့ထန်ရဲ့က ရှောင်ကျန့်သူ့ကိုဆွဲထူလို၊ဆွဲထူငြားအကဲခတ်လိုက်သည်။ ကံဆိုးချင်တော့ မူလဇာတ်ကြောင်းထဲတွင် ဗီလိန်၏အသန့်ကြိုက်ပုံကြိုက်နည်းအဆင့်ဆင့်ကိုသိထားသူ ရှောင်ကျန့်ဟာ သူ့ကိုဆွဲထူဖို့ရန်အတွက် လက်ဆန့်မထုတ်ခဲ့ပေ။ ကွေ့ထန်ယဲ့၏မျက်လုံးအတွင်း၌ မချင့်မရဲဖြစ်သည့်ခံစားချက်အနည်းငယ်ဖြတ်ပြေးသွားသည်။

system 091 (Book 2)Where stories live. Discover now