တစ်ခဏခန့် စောင့်ဆိုင်ပြီးနောက် သူက လေသံတိုးတိုးဖြင့် ပြောသည်။

"တွေ့ရတာဝမ်းသာပါတယ် ငါ့ရဲ့နာမည်က ဝမ်းရှန်းပါ အဲ့ဒီလူအိုကြီးကတော့ ငါ့ရဲအဖိုးပါ"

နင်မုန့်ကလဲ ထိုလူအိုကြီးက ထူးခြားကြောင်း သူမကမြင်ကတည်းက သာမန်မဟုတ်နိုင်ကြောင်း သိခဲ့ပြီးသား ဖြစ်သည်သို့ရာတွင် ဒီလိုတိုင်းပြည်ကြီးတွင် ဒီလိုတိကျသော စွမ်းရည်ရှိသော လူမျိုးကို ရှာတွေ့နိုင်ခြင်းက ပုံမှန်ဖြစ်ပြန်သည်။

သူမက တစ်ခဏခန့် တွေးတောပြီးနောက် မေးလိုက်သည်။

"ဘာလို့ နင်တို့က ဒီလူတွေကို စက္ကူအရုပ်တွေ လုပ်ပေးဖို့ ကူညီတာလဲ သူတို့ကိုလူတွေကို ဒုက္ခပေးအောင်တောင် ကူညီပေးခဲ့သေးတယ်"

သူမကထိုမေးခွန်းကို ထိုနေကတည်းက မေးချင်ခဲ့ခြင်းဖြစ်သည်။

ထိုလူနည်းစု၏ စကားပြောခန်းကို ခန့်မှန်းရုံမျှဖြင့် ဒီနှစ်ယောက်က ထိုလူများ၏ ခြိမ်းခြောက်ခံခဲ့ရပြီး သူတို့အမိန့်တိုင်း စက္ကူရုပ်များကို လုပ်ပေးရခြင်း ဖြစ်သည် ဒီနည်းအားဖြင့် လူတွေ၏စိတ်ဝိညာဉ်ကို ယူဆောင်ကာ အမိန့်ပေးနိုင်ခြင်း ဖြစ်သည်။

သူတို့က အချင်းချင်းမသိဟု ဆိုလျှင်ထူဆန်းရာ ကျပေလိမ့်မည် ထိုသို့ဆိုလျှင် သူတို့ကပါဝင် ပတ်သက်နေစရာ အကြောင်းမရှိချေ။

ပို၍ဆိုးသည်မှာ ထိုကဲသို့သော စွမ်းရည်မျိုးက လျှို့ဝှက်ထားသင့်လေရာ အခြားလူများက သိသွားရန်မဖြစ်နိုင်ချေ။

ဝမ်ရှန်းက ထိုစကားကို ကြားသောအခါ မျက်နှာကချက်ချင်း ဖြူဖျော့သွားပြီး ပြောလိုက်သည်။

"ဒါတွေအားလုံးက ငါ့ရဲ့အမှားပါ အားလုံးကငါ့ရဲ့ အမှားပါဘဲ ငါအဖိုးကို ဒုက္ခရောက်စေခဲ့တာ"

သူအနေနှင့် စိတ်ငြိမ်အောင် အချိန်အတန်ကြာ ယူရသည် ထို့နောက်မှသာ ဖြစ်ကြောင်းကုန်စင်ကို အသံတိုးတိုးနှင့် ပြောပြလာသည် သူနှင့်သူ၏အဖိုးက ရွာငယ်လေးမှ လာခြင်းဖြစ်သည် ရွာကမကြီးမားသလို အိမ်ထောင်စု (၁၀)ကျော်ခန့်သာလျှင် ရှိနိုင်ပြီး သဘာဝကပ်ဘေးကို ရှင်သန်းရန်မနည်း ရုန်းကန်နေရခြင်းလည်း ဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now